ပခုက္ကူတွင်ရွာကိုမီးရှို့​​နေသော အကြမ်းဖက်စစ်တပ်နှင့်ပျူ​စောထီးများကို PDFများတိုက်ခိုက် ၊ပျူသုံးဦးကိုအရှင်ဖမ်းမိ

(စစ်ကိုင်းတိုင်းရှိ​ကျေးရွာတစ်ရွာတွင် ပျူ​စေားထီးများကိုအကြမ်းဖက်စစ်တပ်ကစစ်သင်တန်း​ပေး​စဥ်။ ဓါတ်ပုံ-CJ)

ပခုက္ကူတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက   ကျေးရွာတစ်ရွာအား  မီးရှို့ ဖျက်ဆီးနေစဉ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ပြီးနောက်  ပျူစောထီးသုံးဦးအား အရှင်ဖမ်းဆီးထားသည်။

စစ်ကောင်စီကို ဆန့်ကျင်နေသည့် ကျေးရွာတစ်ရွာကို  အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက  မတ်လ ၉ရက်ညတွင် ဖျက်ဆီးနေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းပခုက္ကူ တော်လှန် ရေးတပ်ဦး(PRF)က သတင်းထုတ်ပြန်သည်။

ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF)၊ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PUGF) ၊ PKU Generation 2 နှင့်ဒေသခံတော်လှန်ရေး တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီးသုံးဦးကို အရှင်ဖမ်းမိထားပြီး နောက်ဆက်တွဲ အသေးစိတ်ကို PRF ကမထုတ်ပြန်သေးပေ။အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထု၏ ဥစ္စာပစ္စည်းများကို ဓားပြတိုက်သိမ်းယူနေကြပြီး ပျူစောထီးသင်တန်းများကိုလည်း ယခင်ကထက်ပို၍ ပြုလုပ်နေသည်ဟု  သတိပေးထားသည်။

စစ်ကောင်စီ၏ အထက်ပါလုပ်ရပ်သည်အိမ်ကြက်ချင်းအိုးမဲ သုတ်ခွပ်ခိုင်းသော အောက်တန်းစား နည်းဗျူဟာဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ပြောသည်။

"ပျူစောထီးဒလန်ဖြစ်ရန် စိတ်ကူးနေသူများ၊ ဒလန်များကိုလည်း အမြစ်ပြတ် ချေမှုန်းသွားမည်" ဟု(PRF)ကထုတ်ပြန် သည်။

Pakokku Generation-Z ကလည်းအလားတူထုတ်ပြန်ပြီး"ပြည်သူလူထုအနေဖြင့်လည်း ဒီမိုကရေစီတော်လှန်ရေးကို ယခုထက် ပိုမိုကူညီပေးကြပါရန်နှင့် ပျူစောထီးများ၊ ဒလန်များအပါအဝင် စစ်အုပ်စုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါရန် လေးစားစွာ တောင်းဆိုပါသည်" ဟုတိုက်တွန်းထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသော ပခုက္ကူဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊Young Force-UG၊ Pakokku Generation Z၊ Earthquake PDF-UG၊ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)၊ Pakokku Rangers ၊RSO၊ Burma Revolution Rangers တို့ စုစည်းကာ မြို့နယ်ပြည့်သူကာကွယ်ရေးတပ်ပေါင်းစု (ပခုက္ကူမြို့နယ်) မကြာသေးမီက  ဖွဲ့စည်းခဲ့သည်။


People's Spring 

ပခုက္ကူတွင်ရွာကိုမီးရှို့​​နေသော အကြမ်းဖက်စစ်တပ်နှင့်ပျူ​စောထီးများကို PDFများတိုက်ခိုက် ၊ပျူသုံးဦးကိုအရှင်ဖမ်းမိ ပခုက္ကူတွင်ရွာကိုမီးရှို့​​နေသော အကြမ်းဖက်စစ်တပ်နှင့်ပျူ​စောထီးများကို PDFများတိုက်ခိုက် ၊ပျူသုံးဦးကိုအရှင်ဖမ်းမိ Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.