မြောင်မြို့နယ်ထွေအုပ်ရုံးကို PDF ၃ ဖွဲ့ပေါင်း မိုင်းခွဲတိုက်ခိုက်


မြောင်၊ မတ် ၂၂၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၂၁ ရက် မနေ့ကည ၇ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီရုံးမှာ ရုံးတက်နေတဲ့  Non – CDM ဝန်ထမ်းတွေကို သတိပေးဖို့လည်းဖြစ်သလို လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်နေတဲ့အတွက်ကြောင့် ခုလို တိုက်ခိုက်ခဲ့တာလို့ မြောင်မြို့နယ်တော်လှန်ရေးတပ် - MRA ရဲ့ တာဝန်ခံက ပြောပါတယ်။ 

“ စစ်ကောင်စီဒေါက်တိုင်၊ Non – CDM ဝန်ထမ်းတွေ၊ အဲ့ဒီရုံးမှာ ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို သတိပေးခြိမ်းခြောက်တာကော၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားကိုကော ဖြိုဖျက်နေတာဖြစ်တဲ့အတွက် မြို့နယ်ထွေအုပ်ရုံးကိုသွားပြီး မိုင်းနဲ့တိုက်ခိုက်တာ၊ “ လို့ သူကပြောပါတယ်။ 

မြောင်မြို့နယ်တော်လှန်ရေးတပ် - MRA ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ အရန်တပ်ခွဲ ၁ နဲ့ Zarmani Revolution Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုကြောင့် အဆောက်အဦးပျက်စီးမှုအခြေအနေနဲ့ ထိခိုက်သေဆုံးသူရှိ၊ မရှိကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ပြီးခဲ့တဲ့ မတ်လ ၉ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာက ပျူးစောထီးစခန်းကို MRAနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်  ပျူစောထီး ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

မြောင်မြို့နယ်ထွေအုပ်ရုံးကို PDF ၃ ဖွဲ့ပေါင်း မိုင်းခွဲတိုက်ခိုက် မြောင်မြို့နယ်ထွေအုပ်ရုံးကို PDF ၃ ဖွဲ့ပေါင်း မိုင်းခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.