7 March 2022
ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် နန်းမားကြားတွင် တက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက် ၇နာရီခန့်မှ၍ တိုက်ပွဲ ပြင်းထန် နေကြောင်း သိရသည်။
နန်းမားအခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ တိုက်ပွဲ ဖြစ်သည့်နေရာသို့ လက်နက်ကြီးများ ပစ်ကူခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"မနက် ခုနှစ်နာရီကနေ အခု ကိုးနာရီထိုးခါနီးအထိကို လက်နက်ကြီးသံတွေ လက်နက်ငယ်သံတွေ မပြတ် ကြားနေရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်တိုက်ပွဲကြောင့် နန်းမားမြို့အတွင်းမှ စျေးဆိုင်တချို့ ပိတ်သိမ်းနေကြကြောင်း သိရသည်။
မတ်လ ၅ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် မော်ဟန်ဘက်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းလည်း တိုက်ခိုက်ခံခဲ့ရသည်။
Kachinwaves
နန်းမားဘက်တက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေ နှင့် PDF တွေ တိုက်
Reviewed by THITHTOOLWIN
on
18:27
Rating:
No comments:
Post a Comment