ပိဋကတ်ကျရွာသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေဟု ​ရေဦး PDF​ပြော


စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပိဋကတ်ကျကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ​ရေဦး PDFက ထုတ်ပြန်သည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် မူးသာကျေးရွာမှ မူးမြစ်အနောက်ဘက်မှတစ်ဆင့် ယနေ့(မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်လာခဲ့သည်ဟု ဆို သည်။ 

"မနက် ၃နာရီကတည်းက တိုက်ပွဲစဖြစ်တာ။စစ်ခ တပ်က အင်အား ၈၀ကျော်ပါတယ်။စခ သုံး ယောက်၊ဗိုလ်ကြီးတစ်ဦးအပါအဝင် .သေတယ်"ဟု ​ရေဦးPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ 

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို နံနက် ၁၁ နာရီခန့်က လေယာဥ်ဖြင့် လာရောက်သယ်ယူသွားသည်ဟုလည်း ၎င်းက ဆိုသည်။ 

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရှိ ရွှေဘိုမြို့နယ်၊ခင်ဦးမြို့နယ်၊တန့်ဆည်မြို့နယ်၊ဒီပဲယင်းမြို့နယ်၊ဝက်လက်မြို့နယ် နှင့် ရေဦးမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် နေပြီး ဒေသခံပြည်သူများနှင့် လူနေအိမ်များကို နေ့စဥ် မီးရှို့ သတ်ဖြတ်လျှက်ရှိသည်။ 

ထို့အပြင် ယခုလဆန်းပိုင်းကစ၍ စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီတပ်ကအင်တာနက် လိုင်းများဖြတ်တောက် ၍ သတင်းအမှောင်ချထားသည်။ 

ယင်းမာပင်နှင့် ခင်ဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်အရ ဓာတု လက်နက်များကိုပါ စစ်အုပ်စုက အသုံးပြုနေသည်ဟု ဆိုသည်။


People's Spring 

ပိဋကတ်ကျရွာသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေဟု ​ရေဦး PDF​ပြော ပိဋကတ်ကျရွာသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေဟု ​ရေဦး PDF​ပြော Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.