ဂန့်ဂေါနယ်မှာ စစ်ခွေးနဲ့ပျူစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးဘက်က ၃ဦးထက်မနည်းကျဆုံး၊ PDFဘက်ကထိခိုက်ဒဏ်ရာရမှုများရှိ၊ စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိနိုင်
ဂန့်ဂေါ မတ် ၂၀
ယနေ့မနက်ကစလို့ ပျူစောထီးစိုးမိုးရာ မြောက်ခင်ရန်းရွာကနေ တောင်ဘက်ကိုချီတက်လာတဲ့ စစ်ခွေးနဲ့ပျူစောထီးစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက်အင်အားမမျှလို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ၃ဦးထက်မနည်းကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
" စစ်တပ်ဘက်က အင်အားရာချီပါလာပါတယ်၊ လက်နက်အင်အားနှင့် နေရာအနေအထားတစ်ခုကြောင့် ပြည်သူ့တပ်တွေဘက်က ထိခိုက်မှုရှိခဲ့တယ်"လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပါတယ်။
ပျူစောထီးနှင့် စစ်တပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနိုင်တယ်လို့ ပြောကြပါတယ်။
လွန်ခဲ့တဲ့ရက်တွေက ပျူစောထီးစိုးမိုးရာ မြောက်ခင်ရန်းရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်စီးပြီး ယနေ့စစ်တပ်ဘက်က တန်ပြန်စစ်ကြောင်းထိုးလာတာပါ။
ဂန့်ဂေါနယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လက်နက်အင်အား များစွာလိုအပ်နေလို့ ပြည်သူတွေဝိုင်းဝန်းထောက်ပံ့ဖို့ လိုအပ်နေပါတယ်။
Gangaw Youths Voice
No comments:
Post a Comment