စစ်ကောင်စီအလိုကျ ပြည်သူအပေါ် ပုံစံမျိုးစုံဖိနှိပ်နေသည့် ဝန်ထမ်းများကိုရှင်းလင်းမည်ဟု မန္တလေး PDF သတိပေး
(မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို ရဲများက ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်) |
အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပြည်သူများအပေါ် ပုံစံမျိုးစုံဖြင့် ဖိနှိပ်နေသည့် ဝန်ထမ်းများကို ရှင်းလင်းသွားမည်ဟု မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ယနေ့ ထုတ်ပြန်သည်။
မန္တလေးတိုင်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ အလိုကျ ပြည်သူများအပေါ်တွင် ညှဉ်းပမ်းနှိပ်စက်မှုများ မတရားသဖြင့် အခွန်ကောက်ခံမှုများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအား အကြောင်းပြု၍ ငွေကြေးတောင်းခံမှုများ ပြည်သူအိုးအိမ် ပစ္စည်းများကို အကြောင်းမဲ့ ဖျက်ဆီးမှုများအား ဆက်လက်ဆောင်ရွက်လုပ်ဆောင်နေမည်ဆိုပါက မိမိတို့ အနေဖြင့်ထိရောက်သည့် အပြစ် ပေးရှင်းလင်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ထုတ်ပြန်သည်။
စစ်ကောင်စီ လက်အောက်ခံ တစ်ဦးချင်း၏ လုပ်ဆောင် ချက်အလိုက် ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်းကို ကြိုတင်သတိပေးသည့် အနေဖြင့် ဤစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီများ ရှိရောနေရာများမှ တက်နိုင်သသမျှ ရှောင်ကွင်းသွားလာကြရန် ကြိုတင် အသိပေး တောင်းပန်အပ်သည်ဟု ထုတ်ပြန်သည်။
People's Spring
No comments:
Post a Comment