ဆားလင်းကြီး၊ မတ် ၅၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီကား ၈ စီးကို မတ်လ ၅ ရက် ဒီနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Unity Forcec Monywa – UFM ဆီက သိရပါတယ်။
အင်အား ၂၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကားတွေကို ဒီမနက် ၁၁ နာရီခွဲက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးခဲ့တယ်လို့ UFM မှ ဗိုလ်အောက်ဆွဲက ပြောပါတယ်။
"မိုင်းသုံးခဲ့တာ ဒီတခါတော်တော်များတယ်ဗျ။ ပဒေသာမိုင်းတွေကော တခြားမိုင်းတွေလည်းပါတယ်။ သူတို့ဘက်က စစ်သား ၂၀ လောက်ကျပါတယ်။ ကျန်တဲ့သူတွေက အကျိုးအကန်တွေဖြစ်တယ်။ ကား ၃ စီးကတော့ လုံးဝကိုမောင်းလို့မရအောင်ပျက်ဆီးသွားပါတယ်။” လို့ သူက ပြောပါတယ်။
One Star Task Force၊ Unity Forcec Monywa၊ Brother Desense Force နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ချိန် ၁ နာရီလောက်ကြာခဲ့တယ်လို့လည်း UFM ဆီက သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment