တွံတေးမြို့နယ်မှာ PDF ကိုဖမ်းဆီးရန်သတင်းပေးတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားပစ်ခတ်ခံရ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မတ်လ ၄ ရက်နေ့၊ ၂၀၂၂
ရန်ကုန်တိုင်း တွံတေးမြို့နယ် တလုတ္တော်ကျေးရွာမှာ PDF လူငယ်သုံးဦးကို ဖမ်းဆီးရန် စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားနှစ်ဦး မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာ သေနတ်ပစ်ခတ်ခံရပြီးတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တလုတ္တော်ကျေးရွာအုပ်ချုပ်မှူးလင်မယားဟာ မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်း မြို့နယ်ထွေအုပ်ရုံးမှာ သတင်းပေးပို့ပြီးအပြန် လမ်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့လက တွံတေးမှာ လူငယ်သုံးဦးကို PDF တွေဖမ်းပေးပါဆိုပြီး စာကပ်တဲ့အထဲမှာ သူတို့လည်းပါတယ်။ ဆုငွေပေးမယ်ဆိုပြီး။ ဒလန်မှအကြီးစားဒလန်တွေ" ဟု အဆိုပါဒေသခံက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး သေဆုံးသူမှာတလုတ္ထော်ကျေးရွာ၊ အောက်ကျင်းပိုင်းနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးဖြစ်ပြီး ဇနီးဖြစ်သူဒေါ်မေဇင်ဦး ဒဏ်ရာရရှိကာဆေးရုံတင် ထားရတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားပစ်ခတ်ခံရပြီးနောက် တလုတ္တော်ကျေးရွာအတွင်း စစ်တပ်နဲ့ရဲတွေဟာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
တွံတေးမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းက မြဂိုးကျေးရွာအုပ်ချုပ်ရေးမှုးသားမက်ဖြစ်သူ သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးခဲ့ပြီး ကျွန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရသေးတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုများဖြစ်ပြီးနောက် ရပ်ကွက်နဲ့ကျေးရွာကလမ်းဆုံလမ်းခွတွေမှာ PDFလူငယ်သုံးဦးကို သတ င်း ပေးလျှင် ဆုငွေပေးမယ်တဲ့ဆိုတဲ့ စာတွေကို ဖေဖော်ဝါရီ ၂၀ ရက်က စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့ပူးပေါင်းပြီးလိုက်လံကပ်ခဲ့တာလည်းရှိပါတယ်။
တွံတေးမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လည်း မတ်လ ၁ ရက်က စစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တစ်လအတွင်း ရာထူးမှနုတ်ထွက်ကြရန် နဲ့သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့သစ္စာဖောက်များအဖြစ်သတ်မှတ်ကာအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
Salween Press
No comments:
Post a Comment