မတ် - ၂၄
စစ်အုပ်စုထုတ်ကုန်တစ်ခုဖြစ်သည့် မြန်မာဘီယာကို မရောင်းချရန် တော်လှန်ရေးအဖွဲ့အစည်းများက တားမြစ်ထားသော်လည်း သိုလှောင်သိမ်းဆည်းထားသည့် မြင်းခြံမှ ဂိုထောင်တစ်ခုကို သတိပေးဖောက်ခွဲခဲ့ကြောင်း တလုပ် PDF က ထုတ်ပြန်သည်။
မြင်းခြံမြို့ (၈)ရပ်ကွက်ရှိ မွှေးမွှေးဂိုထောင်သည် သတိပေးတားမြစ်မှုကို မလိုက်နာဘဲ မြန်မာဘီယာ အမြောက်အများ သိုလှောင်ထားသဖြင့် ဗုံးထုဖောက်ခွဲကာ နောက်ဆုံးအကြိမ် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့က ဆိုသည်။
ယင်းဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ ဖော်ပြမထားပေ။
စစ်တပ်က မတရားအာဏာသိမ်းခဲ့ပြီးနောက် စစ်အာဏာရှင်စနစ် လက်မခံသည့် ပြည်သူများက စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ပြီး မသုံးစွဲရေးကမ်ပိန်း လုပ်ဆောင်ခဲ့ကြရာ မြန်မာဘီယာနှင့် မိုင်တဲလ်(Mytel)ဆင်းမ်ကတ်တို့မှာ ထင်ရှားသည့် ဆန့်ကျင်ထုတ်ကုန်များ ဖြစ်ခဲ့သည်။
Mandalay Free Press - MFP
မြန်မာဘီယာသိုလှောင်ထားသည့် မြင်းခြံမှ ဂိုဒေါင်တစ်ခုကို တလုပ် PDF ဖောက်ခွဲ
Reviewed by THITHTOOLWIN
on
20:37
Rating:

No comments:
Post a Comment