ကလေး၊ မတ် ၂၀၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာ မတ်လ ၂၀ ရက် ဒီကနေ့ တရက်တည်းမှာတင် စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ကလေးမြို့နယ်၊ ဟားခါးလေးရွာအနီးမှာ မနက် ၇ နာရီကနေ ၉ နာရီထိ တကြိမ်၊ အောင်ချမ်းသားကျေးရွာအနီးမှာ နေ့လည် ၁၂ ခွဲကနေ ၁ နာရီခွဲထိ တကြိမ် စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်က ၃၅ ဦးသေဆုံးခဲ့တယ်လို့ ကလေး PDF ဝာာဝန်ခံက ပြောပါတယ်။
"ကျနော်တို့ မနက်ပိုင်းတိုက်ဖြစ်တာက ဟားခါးလေးနာမှာပါ၊ မနက်ပိုင်းမှာ စစ်သားအင်အား ၁၁၀ နဲ့တက်လာတာမှာ အောင်ချမ်းသားကျေးရွာရောက်လာတာ ၇၆ ယောက်ပဲပါတယ်။ မနက်ပိုင်းမှာတင်စစ်သား ၃၀ ကျော်လောက်ကျတယ်။ အောင်ချမ်းသာရွာနားမှာတိုက်ပွဲဖြစ်တာ သူတို့ဘက်က ၅ ယောက်ထပ်ကျတယ်" လို့ သူကပြောပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူအတိအကျကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒီတိုက်ပွဲမှာ CNDF နဲ့ PDF-kalay တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ကလေး PDF က ရဲဘော်တဦး ခြောက်ထောက်ကို ကျည်ထိမှန်ခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့လည်း သိရပါတယ်။
ကလေး PDF အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ချောင်းခွရွာနဲ့ အောင်ချမ်းသာရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကစလို့ စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိနေပြီး၊ မတ်လ ၁၇ ရက် မနက်ပိုင်းကလည်း အောင်ချမ်းသာရွာက နေအိမ် ၂၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment