ဂန့်ဂေါ မတ် ၁၇
၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းက ပခုက္ကူဘက်မှတက်လာတဲ့ စစ်ကောင်စီ ရိက္ခာယာဥ်တန်းရှည်အား အကြိုလာတဲ့ ရှေ့ပြေးကား ၃ စီးကို ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ ကျောက်ထု PDF မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ကားနှစ်စီးထိခိုက်ပြီး တစ်စီးမှာ ကားဖြင့်ဆွဲသွားရသည်အထိပျက်စီးသွားတယ်လို့ သိရပါတယ်။
အဆိုပါနေရာတွင် ပွဲချင်းပြီးသေဆုံးသွားတဲ့ စစ်သား ၈ ယောက် အလောင်းများနှင့် ပြင်းထန်ဒဏ်ရာ (သေဆုံးနိုင်ခြေများ) အနေအထားရှိတဲ့ စစ်သား ၃ ယောက်တို့အား ကားပေါ်သို့တင်သွားကြောင်း ကျောက်ထုPDFက ထုတ်ပြန်ပါတယ်။
အထက်ပါတိုက်ပွဲမှာ ဖောက်ခွဲခဲ့တဲ့ မိုင်းများဟာ မတ်လ ၁၆ ရက်နေ့တွင် တိုင်းပြည်အတွက်အသက်ပေးလှူသွားခဲ့ကြရတဲ့ ရဲဘော် ၃ ဦးတို့ ပါဝင်တပ်ဆင်ထားခဲ့ကြတဲ့ မိုင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
Gangaw Youths Voice
ကျောက်ထုPDFကတိုက်ခိုက်လို့ စစ်သား ၈ ယောက်ခန့်သေ
Reviewed by THITHTOOLWIN
on
23:00
Rating:
No comments:
Post a Comment