မင်းကင်းနယ်တွင် ​တောင်တွင်းPDF လက်နက်ခဲယမ်းများသယ်လာစဥ် တိုက်ခိုက်သည့် ပျူအဖွဲ့ သုံးဦး​သေ


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ပြည်သူ့ကာကွယ် ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဥ် ဝင်ရောက်တိုက်ခိုက်သည့် ပျူစောထီးအဖွဲ့ကို တန်ပြန်တိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDPDF)က ထုတ်ပြန်သည်။

ယနေ့ (မတ်လ ၃ရက်)နံနက် ၈နာရီခန့်က TDPDF တပ်ခွဲ-၂ မှ လှည်းဖြင့်လက်နက်ခဲယမ်းသယ်ဆောင်လာစဥ် ကူလဲအနောက်ရွာရှိ ပျူစောထီး ၄၀ခန့်က လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် ကင်းပုန်းဝတ်နေသော TDPDF တပ်ရင်း တပ်ခွဲ-၂  ရဲဘော်ရှစ်ဦးမှ လက်လုပ်လက်နက်ကြီးဖြင့် ​ပစ်ခတ်ရာ ပျူစောထီးသုံးဦးသေဆုံးခဲ့သည်ဟု TDPDF က ပြောသည်။

တိုက်ပွဲအတွင်း DPDFတပ်ရင်း တပ်ခွဲ-၂မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြေကန် ၊ ညောင်ကုန်းနီးစပ်ရာ ​ကျေးရွာမှပျူစောထီး ၁၀၀ခန့်က အင်အားထပ်ကူသဖြင့် နီးစပ်ရာ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်းလည်း အသိပေးသည်။

ဖေဖော်ဝါရီ ၂၈ရက်ကလည်း ကူလဲအနောက်ရွာမှ ပျူစောထီး ၅၀ခန့်သည် TD PDF တပ်ရင်းတပ်ခွဲ -၂ စခန်းကို ဝင်ရောက်စီးနင်းရန်ကြိုပမ်းမှုရှိခဲ့သော်လည်း တစ်နာရီကျော်ကြာ အပြန် အလှန်ပစ်ခတ်မှုပြီးနောက် ပျူစောထီးများ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားအင်အားမှာလျှော့နည်းလာပြီဖြစ်သော်လည်း စစ်ကိုင်းတိုင်းအတွင်း မဘသအဖွဲ့ဝင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များဦးဆောင်ကာ ပြည်သူ့စစ်အမည်ခံ(ပျူစောထီး )များကို မြို့နယ်အလိုက်ဖွဲ့စည်းနိုင်ခဲ့သည်။

ပျူစောထီးများ၏ အင်အားကို အသုံးပြု၍ စစ်ကိုင်း တိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းများကို ယခုလပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ်ဝင်ရောက် စီးနင်းနိုင်နေသည်။


People's Spring 

မင်းကင်းနယ်တွင် ​တောင်တွင်းPDF လက်နက်ခဲယမ်းများသယ်လာစဥ် တိုက်ခိုက်သည့် ပျူအဖွဲ့ သုံးဦး​သေ မင်းကင်းနယ်တွင် ​တောင်တွင်းPDF လက်နက်ခဲယမ်းများသယ်လာစဥ် တိုက်ခိုက်သည့် ပျူအဖွဲ့ သုံးဦး​သေ Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.