လုံခြုံရေးယူဖို့လာတဲ့ စစ်အုပ်စုကို ကလေး PDF ပစ်ခတ်တိုက်ခိုက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ


ကလေး၊ မတ်၂၂၊ ၂၀၂၂။

ကလေးမြို့က အိမ်တွင်းမှု သင်တန်းကျောင်းကို ဆိုင်ကယ်၃စီးနဲ့ လုံခြုံရေးယူဖို့လာတဲ့  စစ်အုပ်စုကို ကလေး PDF က ဒီနေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁ဦးသေပြီး ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကလေးမြို့ တောင်ဖီလာရပ်ကွက် ၊ တောင်ဖီလာလမ်းမကြီး ၊ တာဟန်းဘက်က တောင်သာဘက်ကို မောင်းလာပြီး နယ်စပ်ရေးရာ ဝန်းကြီးဌာန အိမ်တွင်းမှု သင်တန်းကျောင်း အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကလေးPDF တာဝန်ခံ က ပြောပါတယ်။

"စစ်‌ခွေးတွေက မနက်ပိုင်းဆို အဲဒီဘက်ကို ဆိုင်ကယ်နဲ့ လာလာပတ်နေကြဗျ၊ပစ်ခတ်မှုဖြစ်တာကစစ်ခွေး တွေ ဦးစီးဖွင့်ထားတဲ့ အမက ၁၃ စာသင်ကျောင်းနဲ့ နီးပါတယ်၊ စာသင်ကျောင်းနားကို လုံခြုံရေးယူတဲ့သဘောနဲ့ ‌ဆိုင်ကယ်နဲ့ လာပတ်တဲ့အချိန် ပစ်လိုက်တာပါ"  လို့ PDF တာဝန်ခံက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီ အုပ်စုကို အသင်စောင့်ဆိုင်းနေတဲ့ PDF ဘက်က မနက် ၈နာရီဝန်းကျင်မှာ ၃မိနစ်လောက် ဆက်တိုက် ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်ပစ်ခတ်ခဲ့လို့ အနီးဝန်းကျင်က ပြည်သူ၁ဦး ခြေထောက်သေနတ်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

လုံခြုံရေးယူဖို့လာတဲ့ စစ်အုပ်စုကို ကလေး PDF ပစ်ခတ်တိုက်ခိုက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ လုံခြုံရေးယူဖို့လာတဲ့ စစ်အုပ်စုကို ကလေး PDF ပစ်ခတ်တိုက်ခိုက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.