ဂန့်ဂေါ မတ် ၂၁
မတ်လ ၁၇ရက်နေ့က ပခုက္ကူ-ကျောက်ထု-မင်းတပ် လမ်းပိုင်း ၊ ပခုက္ကူမှထွက်လာတဲ့ အကြမ်းဖက် စစ်ခွေးကား (၉၆)စီးကို နေ့လည် ၂:၄၃အချိန်ခန့်တွင် ပုံတောင် ပုံညာတောင်ကြောတစ်နေရာ၌ PEOPLE'S DEFENCE FORCE-HTILIN (YAW REGION) တပ်ဖွဲ့၀င်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ခွေးကားတစ်စီးမှာ မီးလောင်ပျက်စီးသွားပြီး၊ကျန်နှစ်စီးမှာ ချောက်ထဲသို့ထိုးကျသွားခဲ့ပါတယ်။ အကြမ်းဖက် စစ်ခွေး ၁၃ယောက်ခန့်သေဆုံးခဲ့ပြီး ၁၇ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထီးလင်းPDFက ဆိုပါတယ်။
မတ်လ၁၈ရက်နေ့ ည ၁၁:၃၀ အချိန်ခန့် ပခုက္ကူ-ကျောက်ထု လမ်းပိုင်းတစ်နေရာ၌ ခြေလျှင်တက်လာတဲ့စစ်ခွေး အုပ်စုကို PEOPLE'S DEFENCE FORCE-HTILIN (YAW REGION)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ခွေး ၃ယောက်ခန့် သေဆုံးပြီး လက်နက်ကြီးများဖြင့် ပတ်၀န်းကျင်ကို ရမ်းသမ်းပစ်ခတ်ကာ ဆုတ်ခွါသွားခဲ့တယ်လို့ ဆိုပါတယ်။
Gangaw Youths Voice
No comments:
Post a Comment