သွေးကြွေးဆပ်တဲ့အနေနဲ့ မုံရွာက စစ်ကောင်စီကင်းတဲကို PDF ဗုံးခွဲ တိုက်ခိုက်ဟုဆို


မုံရွာ၊ မတ် ၂၊ ၂၀၂၂။

မုံရွာက စစ်ကောင်စီတပ်တွေရဲ့ ကင်းတဲတခုမှာ  မတ်လ ၂ ရက် ဒီနေ့ညနေ ၆ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

စစ်သားနဲ့ရဲတပ်သားတွေပေါင်းပြီး ကင်းစောင့်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရေကူးကန်လမ်းဆုံမီးပွိုင့်က  ဝတ်ကျင်းကင်းတဲတခုကို ဗုံးတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီ:၊  ခုလိုလုပ်ဆောင်တာဟာလည်း ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် သွေး‌ကြွေးဆပ်တဲ့အနေနဲ့လုပ်တာလို့  Unity Force Monywa မှ ဗိုလ်အောက်ဆွဲ ကပြောပါတယ်။ 

“ ည‌နေ ၆ နာရီကျော်မှာလုပ်ခဲ့တာပါ၊ သူတို့ဘက်က ကျဆုံးမှုကမသိရသေးပါဘူး၊ မောင်းပစ် ပစ်ရတာကြောင့်ပါ၊ ကျဆုံးသွားတဲ့ရဲ‌ဘော်တွေအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ပြုလုပ်ရတာပါ၊ “ လို့ ပြောပါတယ်။ 

Unity Force Monywa – UFM နဲ့  F.F.P အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း မုံရွာမြို့ရှိ အာဇာနည်းလမ်း၊ ရန်ကင်းမီးပွိုင့်နဲ့ မြို့ပါတ်လမ်းဆုံးတို့မှာ အသံမိုင်းတွေနဲ့ ဖောက်ခွဲခဲ့တယ်လို့ UFM က သတင်းထုတ်ပြန်ထားပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

သွေးကြွေးဆပ်တဲ့အနေနဲ့ မုံရွာက စစ်ကောင်စီကင်းတဲကို PDF ဗုံးခွဲ တိုက်ခိုက်ဟုဆို သွေးကြွေးဆပ်တဲ့အနေနဲ့ မုံရွာက စစ်ကောင်စီကင်းတဲကို PDF  ဗုံးခွဲ တိုက်ခိုက်ဟုဆို Reviewed by THITHTOOLWIN on 23:49 Rating: 5

No comments:

Powered by Blogger.