အကြမ်းဖက်စစ်ကောင်စီထံ PDF လှုပ်ရှားမှုသတင်းများ ပေးပို့သူ ၂ ဦး ပစ်သတ်ခံရ

ဖောင်းပြင်၊ မတ်လ ၁၄

ဖောင်းပြင်မြို့နယ်၊ ရွှေထီးကုန်းကျေးရွာတွင်နေထိုင်သည့် အမျိုးသားနှစ်ဦးက PDF အဖွဲ့များ လှုပ်ရှားမှု သတင်းများကို အကြမ်းဖက်စစ်ကောင်စီထံ တိုင်ကြားထားသည့် အထောက်အထားများ ဖုန်းအတွင်းမှ ရှာဖွေ တွေ့ရှိသဖြင့် စစ်ဆေးနေစဉ် ထွက်ပြေးသဖြင့် မလွှဲမရှောင်သာ ပစ်သတ်ခဲ့ရကြောင်း ပင့်ကူနက် Black Spider အဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

သေဆုံးသူအမျိုးသားနှစ်ဦးသည် ရွှေထီးကုန်းကျေးရွာတွင် နေထိုင်သည့် သဲမောင်နှင့်ချစ်ဝေဆိုသူတို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးမှာ ယခင်က အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့အသီးသီး လုပ်ခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။

ယခုလက်ရှိတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတာဝန်များမှ နှုတ်ထွက်ခွင့် တင်ပြထားပြီး ဖြစ်သော် လည်း အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးနေသည့် ဒလန်၊ သူလျှိုလုပ်ငန်းများ ဆက်လက် လုပ်ကိုင် နေကြောင်း သတင်းရသဖြင့် ၎င်းတို့နှစ်ဦးအား မတ်လ ၁၃ ရက်၊ ည ၁၀ နာရီအချိန်တွင် ပင့်ကူနက်အဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ပြည်သူကာကွယ်ရေးတပ်များ၏ လှုပ်ရှားမှုဆောင်ရွက်မှုများကို အကြမ်းဖက်စစ်ကောင်စီထံ ပေးပို့ရန် ရေးသားထားသည့် စာကို ဖုန်းကာဗာနောက်ကျောအတွင်းမှ တွေ့ရှိခဲ့ပြီး ဖုန်းအတွင်း၌လည်း တပ်ရင်း မှူး၊ စခန်းမှူး၊ မြို့နယ်မှူးတို့နှင့် ဖုန်းပြောဆိုထားသည့် Call List များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပင့်ကူနက် အဖွဲ့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထိုသို့စစ်ဆေးနေစဉ် သဲမောင်နှင့်ချစ်ဝေတို့ နှစ်ဦးလုံးမှာ ထွက်ပြေးကြသဖြင့် ပင့်ကူနက်အဖွဲ့က မလွှဲ မရှောင်သာ ပစ်ခတ်လိုက်သောကြောင့် ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှနှုတ်ထွက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီထံသတင်းပေး သူလျှိုလုပ်ငန်းများ လုပ်ကိုင်နေသူများရှိနေနိုင်သဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထူးသတိပြုကြရန် ပင့်ကူနက်အဖွဲ့က နှိုးဆော်ထားသည်။


Lu Nge Khit

အကြမ်းဖက်စစ်ကောင်စီထံ PDF လှုပ်ရှားမှုသတင်းများ ပေးပို့သူ ၂ ဦး ပစ်သတ်ခံရ အကြမ်းဖက်စစ်ကောင်စီထံ PDF လှုပ်ရှားမှုသတင်းများ ပေးပို့သူ ၂ ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 17:44 Rating: 5

No comments:

Powered by Blogger.