ဝက်လက် PDF နှင့် ပ.က.ဖ အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်၊ ၆ ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရ


မဲခေါင်၊ မတ် ၁၂

ဝက်လက်မြို့မှ တောင်ကုန်းရွာဘက်သို့စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်းအား ၃၀ ဝန်းကျင်နှင့် ဝက်လက် PDF တပ်ရင်း(၂)နှင့် ပ.က.ဖ  ပူပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၁ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဝက်လက် PDF က ထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ည ၁၀ လောက်ထိ ပိတ်မိနေ၍ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား အင်းအား ၃၀ ဝန်းကျင်ကို ဝက်လက် PDF တပ်ရင်း(၂)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ‌ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့၊ တောကြီးမြွေပွေး၊ Mandalay PDF(ပြည်ချစ်သား)တပ်ဖွဲ့၊ Mandalay Prolife တပ်ဖွဲ့ နှင့် ဒေသခံ ပ.က.ဖ အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ညဘက်တွင် စစ်ကား ၂ စီးနှင့် တင့်ကား ၁ စီးကို စစ်ကူလာသောကြောင့် ပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ စစ်ကူတပ်သားများက လမ်းတွင်လက်နက်ကြီး ရမ်းသမ်းပစ်ခက်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွင် PDF ဘက်မှ ရဲဘော် ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များသည် တောင်ကုန်းရွာတွင် တပ်စွဲထားသောကြောင့် ဝက်လက် PDF တပ်ရင်း(၂) ပူပေါင်းတပ်ဖွဲ့နှင့် အချိန်မရွေး တိုက်ပွဲပြန်လည် ဖြစ်ပွားနိုင်သည်ဟု သတိပေးထုတ်ပြန်ထားသည်။


MeKong News - မဲခေါင်သတင်း

ဝက်လက် PDF နှင့် ပ.က.ဖ အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်၊ ၆ ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရ ဝက်လက် PDF နှင့် ပ.က.ဖ အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်၊ ၆ ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရ Reviewed by THITHTOOLWIN on 03:38 Rating: 5

No comments:

Powered by Blogger.