ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၆)ဦး လက်နက်အပြည့်အစုံဖြင့် PDF Zoland ထံ ဆက်သွယ်ကာ CDM ပြုလုပ်လာ
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် (၆) ဦး PDF Zoland နှင့် ဆက်သွယ်ကာ ယခုတစ်ပတ်အတွင်း လက်နက်အပြည့်အစုံဖြင့် ပြည်သူနှင့် လာရောက်ပူးပေါင်းလာကြောင်း PDF Zoland က ယနေ့မတ်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
၎င်းတို့သည် မတ်လ(၆)ရက်နေ့က လာရောက်ပူးပေါင်းကြခြင်းဖြစ်ပြီး ဒုတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သား(၄)ဦးပါဝင်ကာ ကျန်တစ်ဦး၏ ရာထူးကိုဖော်ပြထားခြင်း မရှိပေ။
ပူးပေါင်းလာသူများမှာ ရဲဒုတပ်ကြပ် Thian Biak Piang (ထျန်ဘေ(ပ်)ပြန်)နှင့် ရဲတပ်သားများဖြစ်သည့် Lal Thian Thang (လာင်ထျန်ထန်း) ၊ Thang Cuan Mang (ထန်းကြွန်မန်း) Kam Deih Pau၊ Thang Dim (ထန်းဒိမ်)နှင့် Khup Sawm Mung တို့ ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၆)ဦး လက်နက်အပြည့်အစုံဖြင့် PDF Zoland ထံ ဆက်သွယ်ကာ CDM ပြုလုပ်လာ
Reviewed by THITHTOOLWIN
on
23:02
Rating:
No comments:
Post a Comment