PDF ထောင်ထားတဲ့ နင်းမိုင်းမိပြီး လောင်းရှည်မှာ စစ်ကောင်စီနဲ့ PDFတို့ ၈နာရီနီးပါးတိုက်ပွဲဖြစ်


လောင်းရှည်၊ မတ် ၃၊ ၂၀၂၂။

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့လာတဲ့ စစ်အုပ်စုယာဉ်တန်း PDF ထောင်ထားတဲ့ နင်းမိုက်တိုက်မိုင်းတွေ မိပြီး အပြန်အလှန် ၈နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၉နာရီအချိန်မှာ လောင်းရှည်မြို့နယ်၊ တောင်ဘို့ကြီးကျေးရွာအနီးမှာ စစ်ကောင်စီဘက်က မိုင်း၂လုံးထိပြီး စစ်ကောင်စီဘက်က ထိခိုက်သူများပြားနိုင်တယ်လို့ လောင်းရှည်PDF တာဝန်ခံက ပြောပါတယ်။

" အဲလိုမိုင်းထိပြီး သူတို့ဘက်ကလည်းလက်နက်ကြီး လက်နက်ငယ်တွေနဲ့တောင်ကြောတလျှောက် လိုက်ပစ်ကြတယ်၊အ‌ရှေ့ဘက်တောင်ကြောပေါ်ကအဖွဲ့ကလက်နက်ကြီးတွေ နဲ့သူတို့ရှိတဲ့ကားလမ်းဘက်ကိုလှမ်းထုပါတယ်၊တိုက်ပွဲအချိန်ကတော်တော်ကြာပါတယ်" လို့ ပြောပါတယ်။

တိုက်ပွဲကြာချိန် ၈နာရီနီးပါးကြာမြင့်ခဲ့ပြီး PDF ဘက်ကလည်း လက်နက်ကြီးနဲ့ ၁၃ချက်နီးပါး ပြန်ပစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

PDF ထောင်ထားတဲ့ နင်းမိုင်းမိပြီး လောင်းရှည်မှာ စစ်ကောင်စီနဲ့ PDFတို့ ၈နာရီနီးပါးတိုက်ပွဲဖြစ် PDF ထောင်ထားတဲ့ နင်းမိုင်းမိပြီး လောင်းရှည်မှာ စစ်ကောင်စီနဲ့ PDFတို့ ၈နာရီနီးပါးတိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.