နောင်ချိုတိုက်ပွဲ စစ်ကြောင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဟု NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကြောင်းမှုးအပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦး သေဆုံးကာ ၁၅ ဦး ခန့် ဒဏ်ရာ ရရှိခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။
မတ်လ(၁၃)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၂၅ဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၄ရက်မနက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်များ အကျအရှုံးများလာ၍ ရဟတ်ယာဉ်(၂)စီး ဖြင့် တိုက်ခိုက်ခဲ့ရာ ဗုံးသီးအလုံး(၃၀)ခန့် ကြဲချခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ပြည်သူ့ကာကွယ်ရေး တပ်သားများ အထိအခိုက်မရှိ ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
" သူတို့ဘက်က စစ်ကြောင်းမှူးအပါ ၄၀လောက်သေတယ်။ PDFက တစ်ဦးဒဏ်ရာရတယ်။ အခုတော့ သက်သာပါတယ်။ ကျွန်တော်တို့လည်း နေရာရွေ့ပြီးနေပါပြီ" ဟု နောင်ချိုမြို့မှ PDF လူငယ်တစ်ဦးက People's Spring သို့ပြောသည်။
စစ်ကောင်စီတပ်က တိုက်ခိုက်ခံရပြီးနောက် လေကြောင်းပစ်ကူအသုံးပြုခဲ့၍ တိုက်ပွဲဖြစ်ပွားရာနေရာ အနီးရှိ လားဟူရွာ ဒေသခံများ ရွေ့ပြောင်းနေထိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
" တိုက်ပွဲက နောင်ချိုမြို့မြောက်ဘက်မှာ ဖြစ်တာ။ မြို့ကို သက်ရောက်မှုတော့မရှိသေးဘူး။ ဒါပေမယ့် ကြောက်လန့်တိတ်ဆိတ်နေကြတယ်" ဟု နောင်ချိုမြို့ဒေသခံက ပြောသည်။
ယခုရက်ပိုင်းအတွင်းဒေသအနှံရှိတိုက်ပွဲတွင် စစ်ကောင်စီတပ်များသေဆုံး၊ဒဏ်ရာရမှုများနေသည်။ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်တွင်စစ်ကောင်စီတပ်၏ ခလရ ၉၇ တပ်ရင်းကိုလည်းKNU တပ်မဟာ ၅ ကဦးဆောင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ရင်းမှ ယာယီတပ်ရင်းမှူးအပါအဝင် ၂၀ ဦးသေဆုံးပြီး ၁၆ ဦးအဖမ်းခံရကာ၁၁ ဦးဒဏ်ရာရခဲ့သည်။
People's Spring
No comments:
Post a Comment