(မတ်လ ၁၃ ရက်)
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်က အုပ်ချုပ်ရေးမှူးထွက်ပြေးသွားတာကြောင့် ရာအိမ်မှူးကနေ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး ယမန်နေ့ မတ်လ (၁၂)ရက် ည (၈:၃၀)ဝန်းကျင်အချိန်ခန့်က သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်ခံရသူမှာ အုပ်ချုပ်ရေးမှူးတာဝန်ယူတာ ၃ရက်သာ ရှိသေးတဲ့ ဦးပြုံးချို ဆိုသူဖြစ်ပြီး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံများထံမှသိရပါတယ်။
ဒါပြင် ဒီကနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှာလည်း လှိုင်မြို့နယ် ဘူတာရုံ လမ်းနှင့်ဘုရင့်နောင်လမ်းထောင့် အမှတ် ၂ အထပ်သားစက်ရုံဝင်းရှိ စစ်တပ်ပိုင် Mytel တာဝါ တိုင်ကို Area - 21 မိတ်ဖက်အဖွဲ့က ဖောက်ခိုက်လိုက်ကြောင်း CGF - YGN က သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါ ဖောက်ခွဲမှုကို Area- 21 မိတ်ဖက်ညီ နောင် အဖွဲ့များဖြစ်သည့် Yangon Federal Army -YFA နှင့် Civil Guerrilla Force-YGNတို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါသည်။
HTY Information
No comments:
Post a Comment