မိုင်းခွဲခံရတဲ့ Mytel တာဝါတိုင်ကို လာစစ်ဆေးတဲ့ ရဲတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ


တနင်္သာရီတိုင်းမ်၊ မတ် ၁၂ 

မိုင်းခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင်ကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

မတ်လ ၁၁ ရက်ညက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဧကနိရွာမှာရှိတဲ့ Mytel တာဝါတိုင်မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ 

မတ်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှာ တာဝါတိုင်ကိုစစ်ဆေးပြီးပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ကားကို ဝက်ချောင်းရွာအနီးမှာမိုင်း ၄ လုံး နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ဝန်းကျင်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ဆိုပါတယ်။ 

"လေးငါးယောက်လောက်ဒဏ်ရာရတယ်လို့သိရတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သေဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ဒီလုပ်ဆောင်မှာကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ညီနောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ 

ဒီနေ့ ညနေ ၃ နာရီခွဲဝန်းကျင်ကလည်း ရေဖြူတံတားအနီးဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဒေသခံတွေထံကသိရပါတယ်။ 


The Tanintharyi Times


မိုင်းခွဲခံရတဲ့ Mytel တာဝါတိုင်ကို လာစစ်ဆေးတဲ့ ရဲတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ မိုင်းခွဲခံရတဲ့ Mytel တာဝါတိုင်ကို လာစစ်ဆေးတဲ့ ရဲတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 03:47 Rating: 5

No comments:

Powered by Blogger.