ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်တွေကို လေကြောင်းဖြင့်အသုံးပြုနေသော လေတပ်ဗိုလ်မှုး၏ မိသားစုဝင် Monywa The Boys မှရှင်းလင်းဟုထုတ်ပြန်
မတ်၄ မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီရေခဲစက်အနီး ယနေ့ညနေ၄နာရီဝန်းကျင်ခန့်က KBZဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူများက ချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်၊၊
သေဆုံးသူသည် မဖြိုးဖြိုးဆိုသူဖြစ်ပြီး ၎င်းသည်စစ်ကောင်စီ လက်အောက်ခံဘဏ်တွင် ဒုလက် ထောက်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သလိုမိသားစုဝင်များထဲတွင် စစ်တပ်နှင့်ပက်သက်ဆက်နွယ်နေသူဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်၊၊
"သူက KBZဘဏ်က ဒုလက်ထောက်ဝန်ထမ်း၊သူတို့မိသားစုက စစ်တပ်အသိုင်းအဝိုင်း၊မောင်နှမတွေထဲမှာ လေတပ်ကအရာရှိတစ်ဦးလည်းရှိတယ်လို့သိရတယ်၊အခုအသ တ်ခံရတာကလည်း သူ့အိမ်နားလေးပဲ"လို့ နီးစပ်သူတစ်ဦးက ပြောသည်၊၊သေနတ်ဖြင့်ပစ်သတ်ခံရသူ မဖြိုးဖြိုး၏ရုပ်အလောင်းကို ယနေ့ညနေပိုင်းမှာ လာရောက်သယ်ယူသွားကြသည်၊၊
စစ်ကိုင်းတိုင်း၊မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီရေခဲစက်အနီး ယနေ့ညနေ၄နာရီဝန်းကျင်ခန့်က KBZဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးကို Monywa The Boys မှရှင်းလင်းသုတ်သင်လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်၊၊
Chindwin Yoma Media
No comments:
Post a Comment