KNLA တပ်မဟာ (၅) နယ်မြေမှာ တစ်လအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၊ တပ်ကြပ်ကြီးအပါအဝင် (၁၃၀) ကျော်သေဆုံး

မတ် ၈

KNLA တပ်မဟာ (၅) နယ်မြေမှာ ဖေဖော်ဝါရီလ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံ BGF တပ်တွေဘက်က ဗိုလ်ကြီး (၃) ဦး ၊ တပ်ကြပ်ကြီး (၃) ဦး အပါအဝင် (၁၃၆) ဦး သေဆုံးခဲ့ပြီး (၁၀၄) ဦး ထိခိုက်ဒဏ်ရ ရရှိခဲ့ကြောင်း  ကေအဲန်ယူ - မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေ အတွင်း KNLA တပ်မဟာ (၅) ဘက်က (၁၁) ဦး ကျဆုံးခဲ့ပြီး (၂၆) ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့်လည့် အရပ်သားပြည်သူ (၄) ဦးအသက်ဆုံးရှုံးခဲ့ပြီး (၂၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ တစ်လတာမှာ ပြည်သူတွေလုပ်ကိုင်စားသောက်တဲ့ လယ်ယာကိုင်းကွက်တွေအတွင်းကို  စစ်ကောင်စီဘက်က လက်နက်ကြီး (၃၆၅) ကြိမ် နဲ့ လေကြောင်းကနေလည်း လက်နက်ကြီး (၁၀) ကြိမ် ပစ်ခတ်ခဲတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် KNLA တပ်မဟာ ၅ ကနေလည်း စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေး စစ်မော်တော်ယာဉ် (၅) စီးကို ဖျက်ဆီးနိုင်ခဲ့သလို အဆောက်အအုံ (၃) လုံးဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


National Unity Media - NUM 

KNLA တပ်မဟာ (၅) နယ်မြေမှာ တစ်လအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၊ တပ်ကြပ်ကြီးအပါအဝင် (၁၃၀) ကျော်သေဆုံး KNLA တပ်မဟာ (၅) နယ်မြေမှာ တစ်လအတွင်း  စစ်ကောင်စီ ဗိုလ်ကြီး ၊ တပ်ကြပ်ကြီးအပါအဝင် (၁၃၀) ကျော်သေဆုံး Reviewed by THITHTOOLWIN on 18:54 Rating: 5

No comments:

Powered by Blogger.