ဘော်လခဲ နန်းဖဲရွာတိုက်ပွဲ KNDF နှင့်စစ်ကောင်စီ နှစ်ဘက်အကျအဆုံးရှိ၊ ရွာကို စစ်ကောင်စီမီးရှို့သဖြင့် ပြည်သူ ၂ ဦး မီးထဲပါသွား


မဲခေါင်၊ မတ် ၅

ကရင်နီပြည်၊ ဘော်လခဲမြို့နယ်တွင်  စစ်ကောင်စီတပ်နှင့် KNDF_B16 နှင့် KA တို့ မတ်လ ၄ ရက်က ထိတွေ့ပြီး အချိန်၅နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF B_16မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံးပြီး KNDF ဘက်မှ ရဲဘော် ၁ ဦး ကျဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

"ကျဆုံးသွားတဲ့ရဲဘော်က အသက် ၄၃ နှစ်ရှိပြီ၊ သူတို့ဘော်လခဲကနေ လက်နက်ကြီးပစ်လာတဲ့ ၁၂၀ မမ တည့်တည့် ထိသွားတာ နန်းဖဲရွာထဲမှာပဲကျဆုံးသွားတယ် " ဟု KNDF_B16 မှ မဲခေါင်သတင်းဌာနသို့ပြောသည်။

မျက်မြင်တွေ့ရှိချက်အရ ၃ ယောက်သေဆုံးပြီး ၎င်းတို့ပြန်ဆုတ်ရာလမ်းတစ်လျှောက်တွင် KNDF မှ ထောင်ထားသောမိုင်းများအား နှင်းမိသဖြင့် မိုင်း၇လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း KNDF က ပြောသည်။

စစ်ကောင်စီတပ်ပြန်ဆုတ်ရာလမ်းတွင် ပြည်သူအိမ် ၄ လုံးအားမီးရိူ့ဖျက်စီးသွားပြီး မီးထဲတွင် ပြည်သူ၂ ဦး ပါသွား​ကာ ရွာသားအချို့ ထိခိုက်မူရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁ လလုံးတွင် စစ်ကောင်စီတပ်အား KA/KNDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျားစနစ်ဖြင့် မကြာခဏသွားရောက်ပစ်ခတ်မူကြောင့် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြားခဲ့ပြီး KNDF/KAဘက်မှ အကျအဆုံး မရှိခဲ့ကြောင်း သိရသည်။


MeKong News - မဲခေါင်သတင်း

ဘော်လခဲ နန်းဖဲရွာတိုက်ပွဲ KNDF နှင့်စစ်ကောင်စီ နှစ်ဘက်အကျအဆုံးရှိ၊ ရွာကို စစ်ကောင်စီမီးရှို့သဖြင့် ပြည်သူ ၂ ဦး မီးထဲပါသွား ဘော်လခဲ နန်းဖဲရွာတိုက်ပွဲ KNDF နှင့်စစ်ကောင်စီ နှစ်ဘက်အကျအဆုံးရှိ၊ ရွာကို စစ်ကောင်စီမီးရှို့သဖြင့် ပြည်သူ ၂ ဦး မီးထဲပါသွား Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.