Mar 3,2022
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းသို့ စစ်အင်အားအများအပြားဝင်ရောက်တိုးချဲ့လာခဲ့သောကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA /PDF ပူးပေါင်းတပ်တို့ကြား ယနေ့ညနေ ၅နာရီဝန်းကျင်ခန့်အချိန်တွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
"ဗမာစစ်သားတွေက ကျေးရွာအတွင်းကို ဘယ်လမ်းကဝင်ရောက်လာမှန်း မသိဘူး။ ရွာအတွင်းမှာ စစ်ကြောင်းဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်တာက ၁နာရီလောက်ကြာတယ်။ ကျနော်တို့ ဒေသခံက ရွာထဲမှာ မနေကြတာ ၁လကျော်လောက်ကြာပြီ။ အဲ့ကြောင့်ရွာထဲမှာတိုက်ပွဲဖြစ်တာဘဲသိတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်ကမိုးလည်းမိုးချုပ်နေပြီ။ အဲ့ကြောင့် ဗမာစစ်သားတွေက ရွာထဲမှာဆက်ရှိနေသေးတာလား။ သူတို့အထဲမှာဘယ်လိုရှိနေလဲ နက်ဖြန်လောက်မှ သေချာသိရမယ်"ဟုပြောဆိုသည်။
ဆွမ်ပီယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KIA/PDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ၏ လူနေအိမ် ၅လုံးထက်မနည်း ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု သူကဆက်ဆိုသည်။
ယနေ့ ညနေ ဆွမ်ပီယန်ကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ပြီးခဲ့သောရက်ပိုင်းအတွင်း ပူတာာအိုမြို့ဘက်မှ ရှိန်ဂတ်ဘွမ့်တောင်ဘက်တွင် ဦးတည်ကာ တက်လာသည့်အဖွဲ့ဖြစ်ပြီး ၁၀ရက်ခန့်အကြာ တောခိုတက်လာသည့်အဖွဲ့ဖြစ်ကြောင်းသိရသည်။
Kachin News Group
No comments:
Post a Comment