စစ်ကောင်စီလူကြီးလမ်းကြောင်း ရှင်းပေးနေတဲ့ ရဲတွေကို KDDF လက်ပစ်ဗုံးနဲ့ တိုက်ခိုက်


ကျောက်ဆည်၊ မတ် ၉၊ ၂၀၂၂။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ တံစိုးဂိတ်လမ်းဆုံမှာ လမ်းရှင်းပေးနေတဲ့ ရဲနဲ့ယာဥ်ထိန်းရဲတွေကို ဒီကနေ့မနက် ၉ နာရီခန့်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ် ရေးတပ်ဖွဲ့-KDDF ထံက သိရပါတယ်။

အဲ့ဒီလမ်းဆုံမှာ ရဲနဲ့ယာဥ်ထိန်းရဲ ၅ ဦးရှိတာဖြစ်ပြီး၊ စစ်ကောင်စီအကြီးအကဲယာဥ်တန်း ဖြတ်သွားမှာကြောင့် အဲဒိလမ်းဆုံမှာစောင့်ပြီး လမ်းရှင်းပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

''ဒီမနက် လမ်းကြောင်းရှိလို့ဆိုပြီး လမ်းဆုံတွေမှာ ရဲနဲ့ယာဥ်ထိန်းရဲတွေစောင့်ပြီး လမ်းရှင်းနေကြတာ။ ကျနော်တို့ဗုံးနဲ့ တိုက်ခိုက်တာက တံစိုးဂိတ်ရပ်ကွက်လမ်း ဆုံပေါ့။ အဲ့မှာ ရဲ ၅ ကောင်ရှိတယ်။ သူတို့ကို တိုက်ခိုက်ခဲ့တာ'' လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့-KDDF တာဝန်ခံ ကိုရာဇာမင်းကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီးတော့ တိုက်ခိုက်ခံရပြီးမကြာမီခင်မှာ စစ်ကောင်စီစစ်ကား ၁၀ စီးရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ပြီးတဲ့နောက် မကြာခင်မှာဘဲ အဲ့ဒီစစ်ကောင်စီအကြီးအကဲလမ်းကြောင်း ယာဥ်တန်း ပွိုင့်ကား ၁ စီးနဲ့ အိမ်စီးကာ ၆ စီး ဖြတ်သွားတယ်လို့သိရပြီး စစ်ကောင်စီအကြီးအကဲ  ဘယ်သူဆိုတာကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီအ ခိုင်အမာတပ်စွဲထားတဲ့ ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးကို လက်ပစ်ဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့လို့ စစ်ကောင် စီတပ်ဖွဲ့ဝင်တချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီလူကြီးလမ်းကြောင်း ရှင်းပေးနေတဲ့ ရဲတွေကို KDDF လက်ပစ်ဗုံးနဲ့ တိုက်ခိုက် စစ်ကောင်စီလူကြီးလမ်းကြောင်း ရှင်းပေးနေတဲ့ ရဲတွေကို KDDF လက်ပစ်ဗုံးနဲ့ တိုက်ခိုက် Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.