ကျောက်ဆည်၊ မတ် ၃၊ ၂၀၂၂။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်းကို ဒီကနေ့မနက် ၁၀ နာရီ ၃၅ မိနစ်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ KDDF က ထုတ်ပြန်ပါတယ်။
ကျောက်ဆည်မြို့ရဲ့ လူစည်းကားရာ ဗိုလ်ချုပ်ပန်းခြံလမ်းမှာရှိတဲ့ အဲ့ဒီခရိုင်ထွေအုပ်ရုံးထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခိုင်အမာတပ်စွဲထားတာဖြစ်ပြီး သူတို့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ် ဆိုပါတယ်။
''မနက် ဆယ်နာရီခွဲလောက်မှာ လက်ပစ်ဗုံး ၂ လုံး ပစ်ထည့်ခဲ့လိုက်တာ။ စကစတွေက အဲ့ထဲမှာတပ်စွဲ ထားတာအများကြီး။ ဗုံးပေါက်ပြီးတော့ အပြင်ဘက်ကိုသေနတ်နဲ့ ရမ်းသမ်းပြီးပြန်ပစ်တယ်။ ကျနော်တို့ကိုတော့မထိဘူး'' လို့ ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုရာဇာမင်းက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုအတိအကျကိုတော့ မသိရသေးပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က မနက်ပိုင်းမှာလည်း စဥ့်ကိုင်မြို့နယ်ထဲက Mytel တာဝါတိုင်က စက် ၃ လုံးကို KDDF က မိုင်းအကြီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment