မုံရွာက KBZ ဘဏ်ဝန်ထမ်းတွေရဲ့ အသက်အာမခံမပေးတော့ဘူးလို့ ဒေသတွင်း PDF ‌တွေပြော


မုံရွာ၊ မတ် ၂၀၊ ၂၀၂၂။

မုံရွာမြိုပေါ်က KBZ ဘဏ်တွေက ပြည်သူတွေ လှူဒါန်းထားတဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်တဲ့အတွက် ဝန်ထမ်းတွေရဲ့ အသက်ကို အာမခံမပေးတော့ဘူးလို့ Unity Force Monywa အဖွဲ့ရဲ့ ဗိုလ်အောက်ဆွဲက မြေလတ်အသံကိုပြောပါတယ်။

"ပြည်သူကချွေးနဲစာနဲ့ လှူတဲ့ငွေတွေကို KBZ BANK တွေကမတရားပိတ်တယ်။ ဘဏ်ကဝန်ထမ်းတွေကိုမေးတယ်။ အထက်က ညွှန်ကြားလို့လုပ်ရတယ်လို့ ပြောတယ်။ ညွှန်ကြားမှုပေးနေတာက တရားဝင်အစိုးရမဟုတ်ဘူး။ တရားဝင်အစိုးရက တားမြစ်ထားတယ်။ ပိတ်ပစ်တာ တခါလည်းမကနှစ်ခါလည်းမက သုံးခါလည်းမကတော့ဘူး။ ကျနော်တို့အနေနဲ့ သူတို့ရုံးတွေကို အတန်တန်အသိပေးတယ်။ KBZ ဘဏ်တွေဟာ တရားဝင်မဟုတ်တဲ့ အစိုးရကို ထောက်ခံထားတာ၊ ကျနော်တို့အကောင့်တွေကို တရားမဝင်ဘူးဆိုပြီး ပိတ်ပစ်တာ၊ သူတို့ကို နောက်ဆုံးသတိပေးတယ်။ အခုကစပြီး ဘဏ်ဝန်ထမ်းတွေရဲ့အသက်ကို အာမခံမပေးတော့ဘူး" လို့ ဗိုလ်အောက်ဆွဲက ပြောပါတယ်။

မုံရွာမြိုပေါ်ရှိ KBZ BANK ဘဏ်မှဝန်ထမ်း‌တွေရဲ့အသက်ကို အာမခံမပေးတော့ဘဲ တိုက်ခိုက်သွားတော့မယ်လို့ Unity Force Monywa၊ Monywa The Boys၊ Monywa Nightking၊ Monywa Heroes Group၊ Peacock Generation Force၊ God Of Snake၊ Monywa Ninja အဖွဲ့တွေက ဆိုပါတယ်


မြေလတ်အသံ - Myaelatt Athan 

မုံရွာက KBZ ဘဏ်ဝန်ထမ်းတွေရဲ့ အသက်အာမခံမပေးတော့ဘူးလို့ ဒေသတွင်း PDF ‌တွေပြော မုံရွာက KBZ ဘဏ်ဝန်ထမ်းတွေရဲ့ အသက်အာမခံမပေးတော့ဘူးလို့ ဒေသတွင်း PDF ‌တွေပြော Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.