မတ္တရာမြို့ EPC ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်၊ တောင်ပြုံးရွာတွင် ရဲသတင်းပေး အသတ်ခံရ


မတ် - ၃

မန္တလေးတိုင်း မတ္ထရာမြို့ မြို့နယ်လျှပ်စစ်(EPC)ရုံးဝန်းအတွင်း ယနေ့ မတ်လ(၃)ရက် မနက်(၉)နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦးနှင့် ဆိုင်ကယ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘဲ ဆိုင်ကယ်နှစ်စီး ကာဗာတွင် အနည်းငယ် ထိခိုက်ပျက်စီးသလို ဆိုင်ကယ်ထားသည့် အဆောက်အဦး၏ သွပ်မိုးတွင်လည်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ဟု စစ်ကောင်စီ အသိုင်းအဝိုင်းက ဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့အပြင် ယမန်နေ့ မတ်(၂)ရက် ည(၇)နာရီခွဲကလည်း မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာနေ စကစ ရဲသတင်းပေး အောင်ကြည်လွင်ဆိုသူ အမျိုးသားတစ်ဦး နေအိမ်အနီးတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

လက်ရှိတွင် စစ်ကောင်စီက မတ္တရာမြို့ပေါ် အပါအဝင် မြို့နယ်အနှံ့တွင် ဒေသခံ အရပ်သားပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် အကြမ်းဖက် ဖိနှိပ်ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ ဒေသခံပြည်သူများ၏ တန်ဘိုးကြီးပစ္စည်းများ ဓားပြတိုက်လုယက်ခြင်းများ ကျူးလွန်နေသည်။


Mandalay Free Press - MFP

မတ္တရာမြို့ EPC ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်၊ တောင်ပြုံးရွာတွင် ရဲသတင်းပေး အသတ်ခံရ မတ္တရာမြို့ EPC ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်၊ တောင်ပြုံးရွာတွင် ရဲသတင်းပေး အသတ်ခံရ Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.