ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီဘက်က အများအပြား ထပ်မံ သေဆုံးဟု DMO-Local PDF ထုတ်ပြန်



ကရင်နီပြည်နယ် ဒီးမော့ဆိုမြိုနယ်တွင် ယမန့်နေ့ (မတ်လ ၅) ရက်က တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) က ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၃၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး၊ DMO-Local PDF မှ ၄ ဦး ဒဏ်ရာရခဲ့ကာ  စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် CTU နည်းပညာ လက်ရုံးရေးတပ်မှ ဒရုန်း တစ်စင်း ထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ် သေးဆူလဲ ကျေးရွာနှင့် ဒေါနော်ကူး ကျေးရွာအကြား စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို DMO-Local PDF နှင့် KGZ တပ်တို့ ပူးပေါင်းပြီးလည်းကောင်း၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို  DMO-Local PDF ၊ ဒေသတွင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ၊ CTU နည်းပညာလက်ရုံးတပ် နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်းပြီး  ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


SHAN News (Burmese Version) 

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီဘက်က အများအပြား ထပ်မံ သေဆုံးဟု DMO-Local PDF ထုတ်ပြန် ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီဘက်က အများအပြား ထပ်မံ သေဆုံးဟု DMO-Local PDF ထုတ်ပြန် Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.