CNF လှုပ်ရှားနယ်မြေ၌ ၉ရက်အတွင်း တိုက်ပွဲ ၁၈ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၈၀ခန့်သေဟု ထုတ်ပြန်၊ ချင်းတပ်ဖွဲ့ လေးဦးကျဆုံး
(ချင်းအမျိုးသားတပ်မတော်၏ အပတ်စဉ် (၄၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Chinland Information Center) |
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)လှုပ်ရှားနယ်မြေ ၌ ၉ရက်အတွင်း တိုက်ပွဲ ၁၈ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ၈၀ဦးခန့် သေဆုံးခဲ့ကြောင်း CNFက ထုတ်ပြန် သည်။
ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးသို့ ရိက္ခာ ထောက်ပံ့ရန် တက်လာသည့် စစ်ကောင်စီတပ်မှ ကား ၂၇ စီး၊ တင့်ကား ၂စီး နှင့် အင်အား ၂၀၀ ခန့်ပါ ယာဉ်တန်းကို ၁၅ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် CNA တပ်မှ ရဲဘော် သုံးဦး နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲကို CNA ၊ CNDFနှင့် ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဖလမ်းမြို့နယ်အမှတ်(၂) အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်တွင် လှုပ်ရှားနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးခန့် သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲကို CNA ၊ CNDF၊ PDF-Zoland၊ Civic Defense Militia(CDM-SYIN)၊ CDF-Hualngoram တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
People's Spring
No comments:
Post a Comment