အထူးဝမ်းနည်းကြေကွဲခြင်း (၃/၂၀၂၂)
၂၀၂၂ ခုနှစ်၊ မတ်လ (၃) ရက်
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင် သူရဲကောင်း ဆလိုင်းတွန်နယ်ဆုမ်း (၂၂နှစ်) သည် ၂၀၂၂ ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင် မိမိသစ္စာပြုသော အမျိုးသားရေးနှင့် တော်လှန်ရေးအတွက် ခွင့်သက်ပြည့်ပြီး တာဝန်ထမ်းဆောင်ရန် အပြန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
အမျိုးသားတော်လှန်ရေးအတွက် ၎င်း၏ ပေးဆပ်မှုအပေါ် CNO/CNDF မှ လေးစားဂါရဝပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
သူရဲကောင်း CNDF တပ်သား ဆလိုင်းတွန်နယ်ဆုမ်း၏ ပေးဆပ်မှုများနှင့် ယုံကြည်ချက်များကို မိမိတို့ CNO/CNDF အနေဖြင့် ဘယ်သောအခါမှ မမေ့လျော့ဘဲ အကြမ်းဖက်စစ်ကောင်စီနှင့်တကွ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင်တော်လှန်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု ကျဆုံး အာဇာနည်ရဲဘော်များနှင့် သင်၏အမည်ကို တိုင်တည်၍ သစ္စာပြုအပ်ပါသည်။
Rest In Peace Ṭuan Nei Sum @Rambo!
𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
No comments:
Post a Comment