အုတ်ဖိုက CDMဆရာဆရာမတွေကို ဖိအားပေးခြိမ်းခြောက်နေသည့် အကြမ်းဖက် သူပုန်လက်အောက်ခံ ပညာရေးမှူး ခင်မောင်ဝင်းဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရ
ရန်ကုန်၊ မတ်လ ၄ ရက်
ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်က CDM ဆရာဆရာမတွေကို ဖိအားပေးခြိမ်းခြောက်နေသည့် ပညာရေးမှူးခင်မောင်ဝင်းဆိုသူ ယနေ့နံနက်မှာ သေနတ်နဲ့ပစ်ခတ်ခံရကြောင်းသိရသည်။
အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ်တွင်နေထိုင်သည့် ပညာရေးမှူးတာဝန်ကို ယူထားသည့် ခင်မောင်ဝင်းဆိုသူကို မတ်လ၄ရက် ယနေ့နံနက်၈နာရီခန့်မှာ အမည်မသိသေနတ်သမားများမှ ပညာရေးမှူးရုံးကိုအသွားမှာ စောင့်ကြိုကာပစ်ခတ်ခဲ့၍ ဘယ်ဘက်လက်မောင်းကနေနှလုံးကို ကျည်ဖောက်ဝင်ကာ ဆေးရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်၍ သေဆုံးနိုင်ကြောင်း အုတ်ဖိုမြို့နယ်ပညာရေးဌာနမှ အမည်မဖော်လိုသူတစ်ဦးမှ MHTDကိုပြောပါတယ်။
"ဒီမနက်၈နာရီလောက်မှာ ရုံးကိုကားနဲ့လာတဲ့ ပညာရေးမှူး ဦးခင်မောင်ဝင်းကို အမည်မသိလူတွေက သေနတ်နဲ့ပစ်ခတ်လို့ ဘယ်ဘက်လက်မောင်းကနေနှလုံးကိုကျည်ဖောက်သွားတာ မနက်ကေဆးရုံကိုပို့တော့ သွေးထွက်လည်းလွန်နေတယ် ဒဏ်ရာကတော်တော်ပြင်းတယ် သေမလားတော့ မသိဘူးဗျ သူကCDMတွေကို ကျောင်းပြန်လာဖို့နဲ့မလာသူတွေကို စစ်တပ်ကိုဖမ်းခိုင်းတာတွေလုပ်နေတာ သူကတော်တော်ဆိုးလို့ ပုံနဲ့ဒလန်ဆိုပြီးသတင်းထုတ်ခံထားရတော့ အရင်ကတည်းပြောနေကြတာ ဘယ်နေ့တော့ ဒီလူ အသတ်ခံရမလည်းဆိုပြီးတော့"ဟု ပြောပါသည်။
အုတ်ဖိုမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊Non CDMဝန်ထမ်းများအားလုံး ၅ရက်အတွင်းနှုတ်ထွက်ဖို့ ဖေဖေါ်ဝါရီ၂ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သတိပေးချက်ထုတ်ပြန်ထားပြီး ဖေဖော်ဝါရီ၁၁ရက်နေ့ကလည်း အုပ်ချုပ်ရေးမှူးတစ်ဦးအား ပထမဆုံးအကြိမ် ရှင်းလင်းခဲ့ပြီးနောက်
CDMဆရာဆရာမတွေကို ဖိအားပေးခြိမ်းခြောက်သည့် ပညာရေးမှူးခင်မောင်ဝင်းဆိုသူမှာ ဒုတိယအကြိမ်အနေနဲ့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်၍ သေဆုံးသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း MHTDအနေနဲ့ သေမသေကို သီးခြားအတည်မပြုနိုင်သေးဘဲ ယခုပစ်ခတ်မှုကိုတော့ မည်သည့်အဖွဲ့မှပြုလုပ်သည်ဟူ၍ သတင်းမထုတ်ပြန်သေးပါ။
Yesagyo Township Info Committee
No comments:
Post a Comment