ကန်ပက်လက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF တို့တိုက်ပွဲဖြစ်ပွား၊ စကစဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆) ဦးသေဆုံး


မတ် ၈

မကွေးတိုင်းနယ်စပ်မှ စစ်ကြောင်း (၃) ကြောင်းခွဲ၍ ကန်ပက်လက်မြို့သို့ ဦးတည်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့အကြား ယမန်နေ့ နံနက် ၇ နာရီတွင် တစ်ကြိမ်၊ ၉ နာရီတွင်တစ်ကြိမ် လေယာဥ်ကွင်း (ဆောက်လုပ်ဆဲ)နေရာတွင် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ကန်ပက်လက်မြို့ပေါ်အထိုင်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့သောလည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအပါအဝင် (၆) ဦးသေဆုံးခဲ့ပြီး CDF-Kanpetlet နှင့် ပူပေါင်းတပ်ဖွဲ့ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ညနေ ၆ နာရီအချိန်ခန့်တွင် တပ်မ ၉၉ လက်အောက်ရှိ စစ်ကောင်စီတပ်များသည် လေယာဥ်ကွင်းမှ ကန်ပက်လက်မြို့ထဲသို့ ဝင်ရောက်ခဲ့ကြကြောင်း CDF-Kanpetlet ကဖော်ပြထားသည်။


PDF Newsflash

ကန်ပက်လက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF တို့တိုက်ပွဲဖြစ်ပွား၊ စကစဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆) ဦးသေဆုံး ကန်ပက်လက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF တို့တိုက်ပွဲဖြစ်ပွား၊ စကစဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆) ဦးသေဆုံး Reviewed by THITHTOOLWIN on 18:46 Rating: 5

No comments:

Powered by Blogger.