သန်လျင်မြို့တွင် စစ်တပ်နှင့် နီးစပ်နေရာများတွင် လမ်းဘက်သို့ မျက်နှာမူထားသော CCTV များဖြုတ်သိမ်းထားကြရန် သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့ သတိပေး
(မတ် ၂၂)
သန်လျင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် နီးစပ်ရာနေရာများတွင် လမ်းဘက်သို့ မျက်နှာမူထားကြသော လုံခြုံရေးကင်မရာ(CCTV) များကို ဖြုတ်သိမ်းထားကြပါရန် သန်လျင်မြို့ပြည်သူများကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ယနေ့ သတိပေးထုတ်ပြန်ထားပါသည်။
ထုတ်ပြန်ချက်တွင် စခများနှင့် နီးစပ်ရာနေများတွင် လမ်းဘက်သို့ မျက်နှာမူထားသော CCTV တပ်ဆင်ထား မိဘပြည်သူများအနေဖြင့် မိမိတို့၏ CCTV ကြောင့် သန်လျင်ဗိုလ်နဂါးအဖွဲ့ အလုပ်လုပ်ရာတွင်အနှောက်အယှက်ဖြစ်စေပါက သင်တို့၏ CCTV များကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့ ကိုယ်တိုင်ဖျက်ဆီးမည်ဖြစ်ပါကြောင်း၊ သင်တို့၏ CCTV များကြောင့် မိမိတို့ တော်လှန်ရေးရဲဘော်များထိခိုက်နစ်နာမှု့ရှိပါက သင်တို့ကိုယ်ပါအပြစ်ပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ CCTV များ ဖြုတ်သိမ်းပေးထားပါရန်မေတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ယနေ့ သတိပေးထုတ်ပြန်ကြေညာထားပါသည်။
ထို့ပြင် `မည်သည့်တော်လှန်ရေးရဲဘော်ထိထိ ပြည်သူ့သားသမီးတွေမို့ CCTV ဖြုတ်ပေးချင်းဖြင့်ကူညီပါ´ ဟု သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့ က ပြည်သူများသို့ ထပ်လောင်း မေတ္တာရပ်ခံထားပါသည်။
Khayan Channel

No comments:
Post a Comment