ဓာတ်ပုံ - လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတခု |
မတ်လ ၁၃ ရက်
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၆ ရပ်ကွက် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူး မနေ့ညပိုင်းကပစ်သတ်ခံခဲ့ရတယ် လို့ ဒေသ ခံတွေက ဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပြုံးချိုဆိုသူဖြစ်ပြီး ၆ ရပ်ကွက်အပိုင် ဗေဒါစုလမ်းထိပ်မှာ ပစ်သတ်ခံလိုက်ရတာလို့ဆိုပါတယ်။
ဦးပြုံးချိုဟာ ယခင်က ၆ ရပ်ကွက် လမ်းမှူး(ရာအိမ်မှူး)တဦးဖြစ်ပြီးတော့ စစ်တပ်အကြီးစား သတင်းပေးဒလန်လို့လူသိများပြီး ယခင်အုပ်ကြီးထွက်ပြေးသွားလို့ ၆ ရပ် ကွက်အုပ်ကြီးလုပ်နေတာ ၃ ရက်ဘဲရှိသေးတယ်လို့ ဆိုပါတယ်။
'' မနေ့ည ၈နာရီခွဲလောက်က ပစ်သတ်ခံရတာ။ နေရာမှာပွဲချင်းပီးသေတယ်လို့သိရတယ်။ သူကအုပ်ချုပ်ရေးမှူးဖြစ်တာ ၃ ရက်ဘဲရှိသေးတယ်။ အရင် အုပ်ကြီးက ထွက်တာလားပြေးတာလားမသိဘူး။ လွတ်နေတဲ့အုပ်ကြီးနေရာကို လမ်းမှူးကနေဝင်လုပ်နေတာ'' လို့ လှိုင်မြို့ခံတဦးကဧရာ ဝတီတိုင်းမ်ကိုပြောပါတယ်။
လှိုင်မြို့ပြပြောက်ကျားတပ်ဖွဲ့ကလည်းမနေ့ညပိုင်းက စစ် ကောင်စီထောက်တိုင် ဒလန်ဦးပြုံးချို ကိုရှင်းလင်းခဲ့တယ် လို့ ပြောပါတယ်။
အုပ်ကြီး ပြုံးချိုပစ်သတ်ခံရပြီး အချိန်အတော်ကြာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသ ခံတွေကပြောပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment