ပခုက္ကူ၊ မတ် ၂၁၊ ၂၀၂၂။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၁ ရက် ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Pakokku People Defence Force-PPDF တာဝန်ခံက ပြောပါတယ်။
"ဂဝံလေးတိုင်ကျေးရွာစာသင်ကျောင်းမှာ စစ်သား အင်အားသုံးဆယ်လောက်နဲ့ တပ်စွဲနေတာပါ၊ စတိုက်တာကတော့ နေ့လည် ၁ နာရီလောက်ကနေ ၂ နာရီခွဲလောက်ထိ ထိတွေ့မှုဖြစ်ခဲ့ပါတယ်" လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က ၆ ဦးခန့်သေနိုင်တယ်လို့ PPDF ရဲ့ မြေပြင်တိုက်ပွဲဝင်သူတွေဆီက သိရပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
Pakokku People Defence Force-PPDF၊ Myit-Chay-Kyun Chaung Defence ForceMC-KDF၊King Fighter နဲ့ ပေါက်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လ ၂ ရက် ညနေ ၆ နာရီ ကလည်း ပခုက္ကူမြို့နယ်၊ လျှပ်စစ်ရုံးကိုဗုံးခွဲတိုက်ခိုက်သေးတယ်လို့ PPDF က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment