စစ်ကောင်စီအား သတင်းပေးသည်ဆိုသော ထွေ/အုပ်စာရေးအပါဝင် ၃ ယောက်အား စေတန် အဖွဲ့မှ ရှင်းလင်း


မဲခေါင် ၊ မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆားလင်းကြီးမြို့နယ် တွင် သတင်းပေး ဒလန်လုပ်နေသည်ဟုဆိုသော အထွေထွေအုပ်ချုပ်ရေး

ရုံးဝန်ထမ်း ၃ ယောက် အား Monywa Satan အဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း ယနေ့မတ် ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ရှင်းလင်းခဲ့သည့် ၃ ယောက်မှာ လက်ပံကျွန်းရွာမှ မောင်မြင့် ၄၅ နှစ်(ထွေအုပ်စာရေး)၊ မျိုမျိုး ၄၀ နှစ်ခန့် (ထွေအုပ်စာရေး)၊ ဝင်းကျော် ၅၀ နှစ်ခန့် တို့ ဖြစ်ပြီး ဝင်းကျော်ဆိုသူမှ ထွေအုပ်စာရေး၂ ယောက်အားသတင်းပေးပြီး ထို၂ ယောက်မှ အထက်သို့တစ်ဆင့် သတင်းပေးခြင်းများ ပြုလုပ်နေသည်ဟု စေတန်အဖွဲ့ကဆိုသည်။

သတင်းပေးများကြောင့် PDF ဖမ်းခံရ၊ ကျေးရွာများ မီးရိူ့ခံနေရ လူပေါင်းများစွာ ပြေးလွားဒုက္ခရောက်ကြရသဖြင့် Satan အဖွဲ့မှ စုံစမ်းစစ်ဆေးပြီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့က ပြည်သူတွေသတင်းပေးတိုင်းမလုပ်ပါဘူး၊ သူတို့ဒလန်လုပ်တာဟုတ်မဟုတ်ကို စုံစမ်းတယ်၊ စုံစမ်းလို့ရတဲ့အခါကျမှ သူတို့လုပ်တာသေချာမှ ရှင်းလင်းတာဖြစ်ပါတယ် "လို့ Satan အဖွဲ့မှ မဲခေါင်သတင်း ဌာနသို့ ပြောသည်။

အခက်ခဲများကြားမှ အသက်ရှင်နေသ၍ စစ်အာဏာရှင်အား အမြစ်ပြတ်သည်ထိ တတ်နိုင်သည့်ဘက်မှ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Satan အဖွဲ့က ပြောသည်။


MeKong News - မဲခေါင်သတင်း

စစ်ကောင်စီအား သတင်းပေးသည်ဆိုသော ထွေ/အုပ်စာရေးအပါဝင် ၃ ယောက်အား စေတန် အဖွဲ့မှ ရှင်းလင်း စစ်ကောင်စီအား သတင်းပေးသည်ဆိုသော ထွေ/အုပ်စာရေးအပါဝင် ၃ ယောက်အား စေတန် အဖွဲ့မှ ရှင်းလင်း Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.