တိုက်လေယာဉ် (၂) စီးကို ဗုံးခွဲနိုင်ခဲ့သည့်အဖွဲ့က ရန်ကုန်ရှိ စစ်ကောင်စီ၏ မြို့နယ်ရဲစခန်းကို ယနေ့တိုက်ခိုက်
ရန်ကုန်၊ မတ်လ (၁၉)
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရဲစခန်းနှင့် မြို့နယ်ခန်းမကို ယနေ့ မတ်လ (၁၉) ရက် ညပိုင်းတွင် (၄၀) မမ ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့သည်ဟု People's Force က ယနေ့ထုတ်ပြန်သည်။
People's Force နှင့် Spring Brothers Force တို့ပူးပေါင်းကာ ရွှေပြည်သာမြို့နယ်ရဲစခန်းကို (၄၀) မမ တစ်လုံးဖြင့် အယောင်ပြတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ စုပြုံလာနိုင်သည့် မြိုနယ်ခန်းမကို (၄၀) မမ (၂) လုံးဖြင့် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးတွင် အထူးလေ့ကျင့်ထားသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များပါဝင်ခဲ့ပြီး အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ဗျုဟာကျကျ စစ်ဆင်ရေးများကို ရန်ကုန်မြို့ပေါ်တွင် အထူးလေ့ကျင့်ထားသည့် မြို့ပြပြောက်ကျားများဖြင့် အရှိန်မြှင့်၍ ပြည်သူ့အာဏာပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။
ထိုကြောင့် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ ပေါက်ကွဲသံများကို မစူးစမ်းကြရန်နှင့် တော်လှန်ရေးအဖွဲ့စည်းများ လုံခြုံရေးအတွက် ဝိုင်းဝန်းကူညီကြရန်လည်း တိုက်တွန်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့ကလုပ်ဆောင်ခဲ့သည့် မြောက်ဒဂုံမြို့နယ် (၃၆) ရပ်ကွက်ရှိ မြို့မရဲသင်တန်းကျောင်းကို တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီလက်ပါးစေ (၁၃) ဦးသေဆုံးခဲ့သည်ဟု People's Force က ထုတ်ပြန်ထားသေးသည်။
အကြမ်းဖက်စစ်ကောင်စီဘက်က အဆိုပါသေဆုံးမှုများကိုဖုံးဖိနေပြီး သေဆုံးသူများ၏ မိသားစုများကိုပါ အသိမပေးသည့်တွက် လွန်စွာဝမ်းနည်းမိသည်ဟု People's Force က ဆိုသည်။
ထို့ပြင် People’s Force အဖွဲ့က ၎င်းတို့သည့် ဖေဖော်ဝါရီလ (၁၈) ရက် ညပိုင်းက မှော်ဘီလေတပ်စခန်းဌာနချုပ်ရှိ တိုက်လေယာဉ် (၂) စီး ပျက်စီးအောင် ဗုံးခွဲခဲ့သည့်အဖွဲ့ဖြစ်သည်ဟုလည်း လူငယ့်ခေတ်ကို ဖြေကြားထားသေးသည်။
Lu Nge Khit
No comments:
Post a Comment