မအူပင်၊ မတ်လ ၁၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၁၂ ရက် ယနေ့ ညပိုင်းက ရဲတပ်သားတဦး သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စခန်းမှူးအိမ်မှာနေတဲ့ တပည့်ဖြစ်သူက စခန်းမှူးသေနတ်ယူဆော့ရာမှ ကျည်ထွက်ပြီး လည်ပင်းထိမှန်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကသိရပါတယ်။
" ည ၇ နာရီခွဲကျော်လောက်ကဖြစ်သွားတာ စခန်းမှူးအိမ်မှာနေတဲ့ ကောင်လေးက သေနတ်ဆော့တာ။ အဲ့မှာကျည်ထွက်သွားပြီးတော့ လည်ပင်းထိ သေသွားတာ''လို့ ရဲတပ် ဖွဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ် ပြောပါတယ်။
စခန်မှူးအိမ်မှာ သေနတ်ဆော့ရင်း ကျည်ထိမှန်သေဆုံးခဲ့တဲ့ ရဲတပ်သားကို မအူပင်မြို့ပြည်သူ့ဆေးရုံကို ချက်ခြင်းပို့ဆောင်ခဲ့တယ် လို့ ဆိုပါတယ်။
Ayeyarwaddy Times
မအူပင်မြို့စခန်းမှူးတပည့် သေနတ်ဆော့ရာမှ ရဲတဦး ကျည်ထိမှန်သေဆုံး
Reviewed by THITHTOOLWIN
on
03:29
Rating:
No comments:
Post a Comment