မြင်းခြံမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ စကစ နှစ်ဦး ထိခိုက်မှုရှိ


မတ် - ၇

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စကစတွေကို မနေ့က နေ့လယ်ပိုင်းအချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စကစ နှစ်ဦးကို ထိပြီး သေဆုံးနိုင်ချေ ရှိတယ်လို့ မြင်းခြံ MGN 35 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ မတ်(၆)ရက်နေ့ နေ့လည်(၁)နာရီခွဲက မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ဘေး ဆင်ချောင်းရွာ တောင်ဖက်မှာ ဆိုင်ကယ် နှစ်စီးနဲ့ ကင်းလှည့်နေတဲ့ စကစ လေးဦးကို မြင်းခြံ MGN 35 နဲ့ မြောင် Myaung Fighter Defence Force တို့ ညီနောင်နှစ်ဖွဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဆိုင်ကယ်နှစ်စီးနဲ့ ကင်းလှည့်လာသော စစ်ခွေး လေးကောင်ကို မိုင်းဆွဲတိုက်ခိုက်ရာ ခွေးနှစ်ကောင် အပြ်ငးအထန် ဒဏ်ရာ ရရှိပြီး မုန့်ဟင်းခါး ပွဲွှရေအတွက်လည်း ရှိနိုင်ပါတယ်”လို့ မြောင်ဒေသ Myaung Fighter Defence Force က ဖော်ပြထားပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါ။

မတ်(၅)ရက် မနက်ပိုင်းကလည်း နွားထိုးကြီးနယ် တောင်သာ - ဝက်လူး ကားလမ်းမှာ စကစ ကားတစ်စီးကို နွားထိုးကြီး PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု မိုင်းထိပြီး စကစ (၁၂)ဦးအထိ ထိခိုက်သေဆုံးနိုင်တယ်လို့  နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး နယ်တကြော ဒေသခံတွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာနဲ့ ကျေးရွာတွေကို အကြမ်းဖက်စီးနင်း မွှေနှောက်သောင်းကျန်းတာတွေ လုပ်နေပါတယ်။ စစ်အုပ်စုဟာ မနေ့ကလည်း နွားထိုးကြီးမြို့နယ် ပဲကြီးခင်းရွာအတွင်း စီးနင်းဝင်မွှေပြီး ရွာအရှေ့ပိုင်းက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။


Mandalay Free Press - MFP

မြင်းခြံမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ စကစ နှစ်ဦး ထိခိုက်မှုရှိ မြင်းခြံမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ စကစ နှစ်ဦး ထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.