ကသာတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး အချို့သေ


ကသာ - မတ် ၂၄၊ ၂၀၂၂။

ခြေလျင်စစ်ကြောင်းချီတက်လာသော စစ်ကောင်စီစစ်ကြောင်းတစ်ခု ယနေ့နံနက် ၈ နာရီခန့်က ကသာမြို့နယ်တွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး အချို့သေဆုံးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ် မြေနုတံတားအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိသည်ဟု မြေပြင်နှင့် နီးစပ်သော ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မနက်ကတော့ ၅ ယောက်လောက်ထိတယ်။ နေ့လယ်ပိုင်းတော့ ၄ ယောက်လောက် ထိတယ်။ မြစ်ကြောင်းနီးတာကို မြစ်ကြောင်းမှာ ပစ်ချကြတယ်။” ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ၄၅ မိနစ်ခန့်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သူကပြောသည်။

အင်အား ၆၅ ဦးခန့်ပါရှိသည့်  စစ်ကောင်စီစစ်ကြောင်းကို မွန်းလွှဲ ၁ နာရီခန့်တွင်တစ်ကြိမ်နှင့် ယနေ့နံနက် ၈ နာရီခန့်တွင်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် ယမန်နေ့က ပစ်ခတ်ခံခဲ့ရသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောနှစ်စီးသည် ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးတွင် ယနေ့ထိ ကမ်းကပ်ထားကြောင်းသိရသည်။


The 74 Media 

ကသာတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး အချို့သေ ကသာတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး အချို့သေ Reviewed by THITHTOOLWIN on 20:28 Rating: 5

No comments:

Powered by Blogger.