March 11,2022
မတ်လ ၁၁ရက်နေ့ နံနက် ၁၀နာရီဝန်းကျင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ချောင်းဝရွာတွင်တပ်စွဲထားနေထိုင်ထားသည့် စစ်ကောင်စီတပ်များသည် ဗန်းမော်မြို့ရှိတပ်နှင့် တပ်ချိန်းရန်ချောင်းဝရွာမှ ထွက်လာစဉ် လုတ်တိုင်းချောင်းအနီး မြို့လှ PDF တပ်များမှ စောင့်ကြိုတိုက်ခိုက်လိုက်ကြောင်း မြို့လှ PDF တပ်ဖွဲ့မှသိရသည်။
" "သူတို့ ဗန်းမော်တပ်ဘက်ကို တပ်ပြောင်းဖို့ထွက်လာတယ်ဆိုတာကို သတင်းရလို့ ကျနော်တို့ကြိုတင်ပြင်ဆင်ပြီး လုတ်တိုင်းချောင်းနားမှာ သွားစောင့်ပြီးတော့ ပစ်တာ။ ကျနော်တို့ဘက်က အသာစီးရနေတော့ သူတို့ဘက်က ပြန်ပစ်နိုင်တဲ့အခြေနေမရှိလို့ထင်တယ် ရေထဲခုန်ချသွားကြတယ်" လို့ မြို့လှ PDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပစ်ခတ်ခံရသည့် စက်လှေတွင် ခမရ ၄၁၄ မှ ဗျူဟာမှူး ကျော်မျိုးထိုက်ဦးဆောင်ကာ သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီးနေထက်ပိုင် (ဆသရ) နှင့် ဆေးတပ်မှ သုံးပွင့်ဗိုလ်အဆင့်ရှိ ဗိုလ်ကြီး တစ်ဦးအပါအဝင် အင်အား ၁၀ ဦးခန့်လိုက်ပါ စီးနှင်းလာသည့် စက်လှေဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
မြို့လှ PDF တပ်ဘက်မှ ၁၀မိနစ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ယင်းမစ်ရှင်အား မြို့လှ PDF တပ်ခွဲ (၁) ဗိုလ်မိုဃ်းကြိုးဦးဆောင်သောအဖွဲ့မှ ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေကူနယ်တစ်ဝိုက် စစ်ကောင်စီတပ်များနှင့် KIA, PDF ပူးပေါင်းတပ်တို့ ယခုရက်ပိုင်းမကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်လျှက်ရှိသည်။
မြေပြင်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များသည် ရွှေကူ၊ကသာ၊ ဗန်းမော်တစ်လျှောက် ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမူပုံစံအနည်းငယ်ပြောင်းလဲလာကြောင်း သိရသည်။
" ခါတိုင်းနဲ့မတူဘူးဖြစ်လာတယ် ခုရက်ပိုင်း သူတို့ရဲ့လှုပ်ရှားမူက အကွက်ပိုကျလာတယ် ဥပမာ တပ်ချိန်းတယ်ဆိုရင် လမ်းကြောင်းက ဘက်ပေါင်းစုံကနေဖြန့်ပြီး သွားလာကြတယ်" လို့ မြေပြင်သတင်းပေးပို့သူတစ်ဦးကပြောသည်။
Kachin News Group
No comments:
Post a Comment