ဒီးမော့ဆို၊ မတ်၇
ဒီးမော့ဆိုမြို့နယ်တွင် မတ်လ(၅)ရက်နှင့်(၆)ရက် တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ စစ်ကောင်စီလက်ပါးစေ (၈၅) ဦးသေဆုံးခဲ့ကြောင်း ဒီးမော့ဆို PDF ၏ ထုတ်ပြန်ချက်များအရသိရသည်။
မတ်လ ၆ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာကျောက်ဆည်ကန်တွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်စဥ် စစ်ကြောင်းမှူးအပါအဝင်စစ်ကောင်စီ တပ်သား (၅၀)ထက်မနည်းသေဆုံးခဲ့ပြီး အရှင်နှစ်ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မြေပြင်တွင် အထိနာခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် မွန်းလွဲပိုင်းတွင် တိုက်လေ ယာဉ်(၂)စီးဖြင့် (၈)ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ညနေပိုင်းတွင်လည်း တိုက်လေ ယာဉ်(၁)စီး ဖြင့်(၆)ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၅ရက်က ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီလက်ပါးစေ ၃၅ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
"တိုက်ပွဲက မြေပြင်မှာ စခတွေက အသေများရင် လက်နက်ကြီးနဲ့ လေကြောင်းအားကိုးပြီးတိုက်တော့တာဘဲ အခုတိုက်ပွဲပြင်းထန်လာတော့ ပြည်သူ့တပ်တွေကို ဝိုင်းဝန်းထောက်ပံဖို့ပြောချင်တယ်" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်ကောင်စီက သာလွန်အင်အားဖြင့် တိုက်ခိုက်နေပြီး ဖေဖေါ်ဝါရီလ တတိယပတ်ကစပြီး အခုချိန်ထိ နေ့စဥ်တိုက်ပွဲပြင်းထန်နေသည်။
လက်ရှိအချိန်ထိ ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူ (၂၂၁)ဦးကို သတ်ဖြတ်ခဲ့သည်။ အပြစ်မဲ့ပြည်သူ (၂၂၀)ဦးမှာလည်း ဖမ်းဆီးခံထားရကာ နေအိမ် (၆၄၉)လုံးပျက် ဆီးမှုရှိခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူအင်အားစုက ထုတ်ပြန်ထားသည်။
Lu Nge Khit
No comments:
Post a Comment