မုံရွာ ညဉ့်နက်ပိုင်း ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ သေနတ်သံများထွက်ပေါ်ပြီး "ဒီကောင်သေပြီလား၊ပစ်ပစ်"လို့ အကြမ်းဖက်ရာဇဝတ်ကောင်များမှအော်ဟစ်
ဓာတ်ပုံ-SocialMedia |
မတ်၈၊ မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ သလ္လာရပ်ကွက် ဆည်မြောင်းရုံးအနီး ယနေ့ည၉နာရီဝန်းကျင်ခန့်က ပေါက်ကွဲသံနှင့် အတူ သေနတ်ပစ်ခတိသံများထွက်ပေါ်ကြောင်း ဒေသခံများထံမှ မုံရွာချင်းတွင်းရိုးမသတင်းဌာနမှ သိရှိရသည်။
ပစ်ခတ်သံများသည် တရစပ်ထွက်ပေါ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကားဖြင့်လိုက်လံပစ်ခတ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်။
"အကျယ်ကြီးပဲတရစပ်ကိုပစ်တာ၊ကားနဲ့ကိုလိူက်ပစ်တာ ပစ်ပစ်လို့အော်ပြီး ကားသံတွေရော ဆိုင်ကယ်သံတွေရော ဆူညံနေတာပဲ"ဟု ဒေသခံကပြောသည်။
ယနေ့ညပိုင်းမှာ မုံရွာမြို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် MSXဆိုင်ကယ် နှင့် Clickဆိုင်ကယ် နှစ်စီးကိုအကြမ်းဖက်စစ်တပ်ကတားရာ ရပ်မပေးသဖြင့် လိုက်လံပစ်ခတ်ကြောင်း မြေပြင်လမ်းကြော MRI မှဖော်ပြရေးသားထားသည်။
သလ္လာအမှတ်၉ရပ်ကွက်နှင့်အမှတ်၇ရပ်ကွက်တို့တွင် သေနတ်ပစ်ခတ်သံများကြားရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ "မပြေးနဲ့ဟုဆိုကာ ၊ ကားဖြင့်လိုက်လံပစ်ခတ်ကြောင်း"သိရှိရသည်။
ဒါ့အပြင် ဗိုလ်ချုပ်လမ်း ဇောတိကမီးပွိုင့်အနီးတွင် သေနတ်နှစ်ချက်ပစ်ဖောက်၍ လက်ဖက်ဆိုင်တစ်ခုကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်ခဲ့ကြောင်း သိရှိရပြီး မုံရွာတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများပိုမိုဆိုးရွားလာသည်။
Chindwin Yoma Media
No comments:
Post a Comment