ရွာသာအေးကျေးရွာ ဆီဆိုင်အနီး စစ်ကောင်စီတပ်များ မိုင်းမိပြီး ၅ ယောက် သေဆုံး


မတ်လ ၁၂၊ ၂၀၂၂ ခုနှစ်။

မတ်လ ၁၁ ရက် နံနက် ၈ နာရီအချိန်တွင် မုံရွာ-ချောင်းဦးလမ်း၊ ရွာသာအေးရွာရှိ အောင်ရတနာဆီဆိုင်အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ မိုင်းမိပြီး ၅ ဦး သေဆုံးကာ ခြေပြတ်လက်ပြတ်ထိခိုက်သူများရှိကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် ပြည်သူ့တပ်ဖွဲ့ CHUPDF တပ်ခွဲ (၁) မှ ရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရာထူးကြီးအကြမ်းဖက်စစ်သားတစ်ဦးနှင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ခြေ ပြတ်လက်ပြတ် ဒဏ်ရာရရှိသွားနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


သံလွင်ခက် - Than Lwin Khet News

ရွာသာအေးကျေးရွာ ဆီဆိုင်အနီး စစ်ကောင်စီတပ်များ မိုင်းမိပြီး ၅ ယောက် သေဆုံး ရွာသာအေးကျေးရွာ ဆီဆိုင်အနီး စစ်ကောင်စီတပ်များ မိုင်းမိပြီး ၅ ယောက် သေဆုံး Reviewed by THITHTOOLWIN on 03:40 Rating: 5

No comments:

Powered by Blogger.