စစ်ကောင်စီလက်နက်ကြီး နေအိမ်ပေါ်တည့်တည့်ကျပြီး အမျိုးသမီးငယ် ၁ ဦး သေဆုံး၊ ၃ ဦး စိုးရိမ်ရ


မဲခေါင်၊ မတ် ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုး- ထီးမူးထာ ကျေးရွာအတွင်း နေအိမ်ပေါ်သို့ စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး နေအိမ်တခု ပေါ်သို့ ယနေ့မနက်ပိုင်းတွင် ကျရောက်ခဲ့ပြီးနောက် ဆယ်ကျော်သက် (၁၇ နှစ်) အမျိုးသမီး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက ယနေ့နံနက် ၅ နာရီကျော်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သည့် အမျိုးသမီးအပြင် ဒဏ်ရာရရှိသူ အမျိုးသမီးမှာလည်း ဆေးရုံ၊ ဆေးခန်းအခြေအနေများကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

စစ်ကောင်စီဘက်မှ ၁၂၀ မမဖြင့် ၆ ကြိမ် ရွာအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသည့် ၃ ဦးမှာလည်း စိုးရိမ်ရသည့်အနေအထားတွင် ရှိသည်ဟု ဒေသတွင်းသတင်းများဖော်ပြနေသည့် KIC သတင်းတွင် ဖော်ပြသည်။

ယနေ့နံနက်ပစ်ခတ်ခဲ့သော လက်နက်ကြီးများမှာ သင်္ဃန်းညီနောင်ကျေးရွာရှိ စစ်ကောင်စီ စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၅ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


MeKong News - မဲခေါင်သတင်း

စစ်ကောင်စီလက်နက်ကြီး နေအိမ်ပေါ်တည့်တည့်ကျပြီး အမျိုးသမီးငယ် ၁ ဦး သေဆုံး၊ ၃ ဦး စိုးရိမ်ရ စစ်ကောင်စီလက်နက်ကြီး နေအိမ်ပေါ်တည့်တည့်ကျပြီး အမျိုးသမီးငယ် ၁ ဦး သေဆုံး၊ ၃ ဦး စိုးရိမ်ရ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.