ကဝမြို့နယ်အတွင်း ဒလန်ဟု သတ်မှတ်ခံထားရသူ နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတို့ သေနတ်ဖြင့် ပစ်သတ်ခံရ


ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာမှ ကျောင်းသူများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် ကျောင်းဆရာအဖြစ်မှ အလုပ်ပြုတ်ထားပြီး  ဒလန်ဟု သတ်မှတ်ခံထားရသူ နှင့် မမောက်ကျေးရွာမှ အာဏာသိမ်းစစ် ကောင်စီခန့်အုပ်ချုပ်ရေးမှူးတို့ (၂)ဦး   ယနေ့ မတ်လ (၄)ရက် နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ကဝမြို့နယ်၊ ဖလေး-ညောင်ပင်လေးဆိပ်နှင့် ရွာသစ်ကျေးရွာကြားတွင် ရစ်ကန်ကြီးကျေးရွာမှ ကျောင်းဆရာပြုတ် ဆန်းဝင်းဆိုသူနှင့် မမောက်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ဇော်တို့ ဆိုင်ကယ်တစ်စီးဖြင့် အတူလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိရသေးပေ။

ရစ်ကန်ကြီးကျေးရွာမှ ဆန်းဝင်း(ခေါ်‌)ပေါင်တိုဆိုသူသည် ကျောင်းသူများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ၂၀၁၇ ခုနှစ်က ကျောင်းဆရာအဖြစ်မှ အလုပ်ဖြုတ်ခံခဲ့ရသူဖြစ်သည်။

"တစ်ယောက်က ခေါင်းကိုမှန်ပြီး ကားလမ်းဘေးမှာ သေတယ်။ နောက်တစ်ယောက်က ဆိုင်ကယ်ရောလူရော လမ်းဘေးက ချောက်ထဲကျပြီး ဆိုင်ကယ်ပိ သေနေတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပစ်သတ်ခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှစ်ဦးစလုံး၏ အလောင်းများကို ပဲခူးဆေးရုံကရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ 


Tachileik News Agency 

ကဝမြို့နယ်အတွင်း ဒလန်ဟု သတ်မှတ်ခံထားရသူ နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတို့ သေနတ်ဖြင့် ပစ်သတ်ခံရ ကဝမြို့နယ်အတွင်း ဒလန်ဟု သတ်မှတ်ခံထားရသူ နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတို့ သေနတ်ဖြင့် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.