စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယနေ့(မတ်လ ၈ ရက်)က နေ့လည် ၂ နာရီခန့်က မခေါက်ရွာနှင့် ဟသ်ာကြီရွာ ဘက်သို့ အကြမ်း ဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဟု ဆိုသည်။
ထိုစဥ် နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်GHOST RIDER Spical Task Force MDY နှစ်ဖွဲ့ပူးပေါင်းကာ ရှေ့ထွက်မိုင်းခြောက်လုံးဖြင့် အဝေးထိန်းစနစ်သုံး၍ ဖေါက်ခွဲတိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။
မိုင်းဆွဲခဲ့သည့် နေရာတွင်ပင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူလည်းများသည်ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
"ရေကြောင်းကနေ မော်တော်နဲ့လာတာ သုံးဆယ်လောက်ရှိတယ်။ပြီးတော့ မြေပြင်ကနေ ဆိုင်ကယ်တွေနဲ့ လာတာ။နယ်မြေ လာကြည့် တာ ဒါမှမဟုတ် မိုင်းရှင်းဖို့လာတာမျိုးလို့ ယူဆရတယ်။ကျွန်တော်တို့အဖွဲ့တွေကတော့ သူတို့ လာမှာသိတဲ့အတွက် ကြိုစောင့်ပြီး မိုင်းဆွဲနိုင်ခဲ့တာ"ဟု ၎င်းက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရွှေဘိုမြို့အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုကို အင်တာနက်လိုင်းများ ဖြတ်တောက်ကာ နေ့စဥ် စစ်ကြောင်းထိုး၍ ကျေးရွာများမီးရှို့ခြင်း၊ပြည်သူများအားသတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများအား မုဒိန်းကျင့်မှုများအပါအဝင် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်။
People's Spring
No comments:
Post a Comment